ဘဏ်ရုံးများ လုပ်ငန်းနေရာပြောင်းရွှေ့ ဖွင့်လှစ်မည်ဆိုပါက ပြောင်းရွှေ့ခြင်းအတွက် ကျပ် ၅ သိန်း ဗဟိုဘဏ်သို့ ပေးသွင်းရမည်


၂၀၂၂ ၊ နိုဝင်ဘာ ၂၉
ဘဏ်များအနေဖြင့် ရုံးချုပ်အပါအဝင်ဖွင့်လှစ်ပြီး ဘဏ်ခွဲများ လုပ်ငန်းနေရာပြောင်း ရွှေ့ဖွင့်လှစ်မည်ဆိုပါက ပြောင်းရွှေ့ခြင်းအတွက် အခကြေးငွေ ကျပ် ၅ သိန်း ကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်းရမည်ဟု သိရသည်။
နိုဝင်ဘာ ၂၅ ရက်စွဲပါ ဗဟိုဘဏ်၏ ညွှန်ကြား ချက်အမှတ် (၁၃/၂၀၂၂ )တွင် ယင်းသို့ သတ်မှတ်ထားကြောင်း အသိပေးထားခြင်းဖြစ်ပြီး ဘဏ်များ လုပ်ငန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ရန် တင်ပြလျှောက်ထားရာတွင် ရည်ညွှန်း ချက်(၂)ပါ ညွှန်ကြားချက် အမှတ်(၃/၂၀၁၈)ပါ သတ်မှတ်ချက်များနှင့်အတူ လုပ်ငန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းအတွက် အခကြေးငွေကျပ် ၅ သိန်းပေးသွင်းသည့် အထောက်အထားကိုပါ ပူးတွဲတင်ပြရမည်ဟု ဗဟိုဘဏ်က သတ်မှတ်ထားသည်။
ထို့အပြင် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ရုံးချုပ်အပါအဝင်ဖွင့်လှစ်ပြီး ရုံးခွဲများ လုပ်ငန်းနေရာပြောင်း ရွှေ့ခြင်းနှင့်ပိတ်သိမ်း ခြင်းတို့အတွက် အခကြေးငွေကျပ် ၂ သိန်း ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်းရမည်ဟု အသိပေးထားသည်။
နိုဝင်ဘာ ၂၅ ရက်စွဲပါ ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၁၄/၂၀၂၂ )တွင် ယင်းသို့ သတ်မှတ်ထားကြောင်း အသိပေးထားခြင်း ဖြစ်ပြီး လျှောက်ထားရာတွင် ရည်ညွှန်းချက်(၂)ပါ ညွှန်ကြားချက် အမှတ်(၉/၂၀၂၁)ပါ သတ်မှတ်ချက်များနှင့်အတူ အခကြေးငွေ ကျပ် ၂သိန်း ပေးသွင်းသည့် အထောက်အထားကိုပါ ပူးတွဲတင်ပြရမည်ဟု ဗဟိုဘဏ်က အသိပေးထားသည်။

Total Views ~ 161

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.