ဘိလပ်မြေ ဈေးနှုန်း မြှင့်တင်ရောင်းချသည့် အရောင်းဆိုင်များကို အရေးယူ

ရန်ကုန်၊ ဧပြီ ၃၀
    ဈေးကွက်တွင်း ဘိလပ်မြေရှားပါးကာ ဝယ်လိုအားမြင့်တက်နေချိန်တွင် ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချနေသည့် ဘိလပ်မြေ အရောင်းဆိုင် ၆၀ ကျော်ကို အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    ပဲခူးတိုင်းရှိ မြို့နယ်သုံးမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၁၉ ဆိုင်၊ စစ်ကိုင်းတိုင်းရှိ စစ်ကိုင်းမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်လေးဆိုင်၊ ရှမ်းပြည်နယ်ရှိ မြို့နယ်သုံးမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၅၉ ဆိုင်တို့ကို တာဝန်ရှိသူများက ဧပြီ ၂၃ ရက်တွင် ကွင်းဆင်း စစ်ဆေးခဲ့သည်။
    နေပြည်တော်ရှိ မြို့နယ် ရှစ်မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၅၉ ဆိုင်နှင့် ဂိုထောင်တစ်လုံး၊ ရန်ကုန်တိုင်းရှိ မြို့နယ် ၃၄ မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၈၇ ဆိုင်နှင့် ပြည်ပမှ ဘိလပ်မြေ တင်သွင်းရောင်းချသည့် ကုမ္ပဏီသုံးခု၊ မန္တ လေးတိုင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ဆောက်လုပ်ရေး သုံးပစ္စည်းဆိုင် ၈၈ ဆိုင်တို့ကို တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဝင် များက စစ်ဆေးခဲ့သည်။  
    ယင်းသို့ စစ်ဆေးရာမှ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းအထိ အမြတ်ယူရောင်းချ လျက်ရှိသည့် ဆိုင် ၃၀၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းနှင့်အထက် အမြတ်ယူ ရောင်းချလျက်ရှိသော ၃၂ ဆိုင်နှင့် ဘိလပ်မြေအိတ်များအား မသမာသည့် နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း ရတနာသီရိ ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ပြည့်စုံ အောင် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် စိုးတင့်အောင်အပါအဝင် ရှစ်ဦးတို့ကို ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိပြီး အိမ်ဆောက်ပစ္စည်းများနှင့် ဘိလပ်မြေ ဈေးနှုန်းများကို ဈေးနှုန်းမြင့်မားစွာ မြှင့်တင်ရောင်းချသူများအား ဆက်လက်ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။  သက်မှူး

 

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43027

© 2022 - 2025 News. All Rights Reserved.