စစ်ကိုင်းမြိုနယ်၊ ကင်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက “တိက္ခဇေယျာ” ထိုင်ဝမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို ဝင်ရောက်ကာ ငွေ၊ လက်ကိုင်ဖုန်းများနှင့် မော်တော်ယာဉ်အား ခြိမ်းခြောက်လုယက်ယူဆောင်သွားခဲ့ကြောင်းသိရသည်။ အဆိုပါကျေးရွာသို အကြမ်းဖက်သမားများက နိုဝင်ဘာ၂၃ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်၄စီးဖြင့်ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော်၏အခန်းတွင်းမှ ငွေကျပ်သိန်း၃၀၀၊ဘုန်ကြီးကျောင်းသို့ ရောက်ရှိနေသူများထံမှ လက်ကိုင်ဖုန်း ၄လုံးနှင့် ကျောင်းဝင်းအတွင်းမှ မော်တော်ယာဥ်တစ်စီးကို လုယက်ယူဆောင်သွားခဲ့သည်။