မန္တလေးမှ ပျောက်ဆုံးသွားသော မောင် “ဇွဲဝေယံထွန်း”ကို ပြန်တွေ့ပြီ

မန္တလေး၊ဒီဇင်ဘာ ၁၆
မန္တလေးမှ ပျောက်ဆုံးသွားသော ကလေးငယ် မောင်“ဇွဲဝေယံထွန်း”ကို ပြန်တွေ့ပြီ ဖြစ်ကြောင်း သိရသည်။
ကလေး၏ ဖခင်ဖြစ်သူက " ပြန်တွေ့ပါပြီခင်ဗျ" ဟူ၍ ယနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်း၏ Han Myo Win အကောင့်မှတစ်ဆင့် အသိပေး ရေးသားထားသည်။





ထို့အပြင် နိုင်ငံတဝှမ်းကနေပြီးသားသားကလေးကို စေတနာ မေတ္တာထားပြီးပြန်တွေ့ဖို့ ဝိုင်းဝန်းဆုတောင်းပေးကြတဲ့ ကျေဇူးရှင် မိဘပြည်သူများအားလုံးကိုကျွန်တော် ကျွန်မတို့နဲ့ သားသားလေးတို့က ကျေးဇူးတင် ကန်တော့ပါတယ်။သားသားလဲစိတ်ရောကိုယ်ပါကျန်းကျန်းမာမာရှိပါတယ်" ဟူ၍ ရေးသားထားသည်။
အသက် (၅) နှစ်နှင့် (၄) လအ ရွယ် မောင်ဇွဲဝေယံထွန်းသည်ပြီးခဲ့သည် ဒီဇင်ဘာ (၁၁) ရက် မွန်းလွဲ (၂) နာရီကျော်အချိန်ခန့်က မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံမြို့ရပ် ကွက် ၊ (၇၁) လမ်းနှင့် လမ်း(၃၀) ၊ (၃၁) လမ်းကြားရှိ မန္တလေးခရောစ့်ဆင့်မုန့်ဆိုင်တွင် အဘိုး ၊ အဘွား ဖြစ်သူတို့နှင့် အတူရှိနေစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 260

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.