မိုင်းဆတ်မြို့နယ်၊ နားလောင်းရွာရှိ နေအိမ် ၂ အိမ်သို့ တပ်မတော်နှင့် UWSA တပ်အဖွဲ့များ ပူးပေါင်း ဝင်ရောက်စီးနင်းရာ လက်နက်ခဲယမ်းမျိုးစုံနှင့် မူးယစ်ဆေးဝါးများ၊ဘိန်းချက်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မိုင်းဆတ် ၊ဒီဇင်ဘာ ၂၉
မိုင်းဆတ်မြို့နယ်၊ နားလောင်းရွာရှိ နေအိမ် ၂ အိမ်သို့ တပ်မတော်နှင့် UWSA တပ်အဖွဲ့များ ပူးပေါင်း
ယမန်နေ့(ဒီဇင်ဘာ ၂၈) ဝင်ရောက်စီးနင်းရာ လက်နက်ခဲယမ်းမျိုးစုံနှင့် မူးယစ်ဆေးဝါးများ၊ဘိန်းချက်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။




ပြည်သူများ၏ အဆိုပါသတင်းပေးမှုအရ နေအိမ် ၂ အိမ်အား တပ်မတော်နှင့် UWSA တပ်အဖွဲ့များ ပူးပေါင်း၍ ဝင်ရောက်စီးနင်းရာ လက်နက်မျိုးစုံ (၁၀) လက်၊ ကျည်အိမ်မျိုးစုံ (၂၉) ခု၊ကျည်မျိုးစုံ (၈၅၉) တောင့်၊ လက်ပစ်ဗုံး (၅) လုံးနင်းမိုင်း (၁) လက်၊ wy ဆေးပြား (၄၉၀၀၀၀) ပြားဘိန်းစိမ်း (၃၂.၆၆) ကီလိုဂရမ်၊ဘိန်းချက်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။





Total Views ~ 182

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43043

© 2022 - 2025 News. All Rights Reserved.