၂၀၂၂ ဒီဇင်ဘာ ၁၅
ယနေ့ နံနက် ၃ နာရီ ၁၅ ခန့်တွင် မန္တလေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် (၁၅)မိုင်ခန့်အကွာ၊ တံတားဦးမြို၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅.၂ အဆင့်၊ အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်သွားခဲ့မှုကြောင့် စစ်ကိုင်းမြိုနယ်၊ မင်းကွန်းကျေးရွာရှိ မြသိန်းတန် စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို ပြုတ်ကျခြင်း၊ စေတီတော်၏ အရှေ့ဘက်ခေါင်းလောင်းမှောက်အောက်ခြေမှ အထက်သပိတ်တော်အထိ ပေ ၄၀ ခန့်အက်ကြောင်းဖြစ်ခြင်း၊ အရှေ့ဘက်သီတာခုနှစ်တန်မုဒ်ဦး၏ ၆ ခုမြောက်မုဒ်ဦး အနည်းငယ်အက်၊ ၇ ခုမြောက်မုဒ်ဦး၏ အထက်တံတိုင်း အနည်းငယ်အက်သွားခြင်း အနောက်ဘက်မုဒ် ယခင်အက်ကွဲကြောင်း နေရာမှ ၅ လက်မခန့် ထပ်မံအက်ကွဲသွားပြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား မင်းကွန်းကျေးရွာ၊ နဂါးပတ်ကျောင်း တိုက်ဆရာတော် ဥုးတိသာသန(လေးဌာန ဥက္ကဋ္ဌ ဆရာတော်)မှ ထိန်းသိမ်း ထားရှိကြောင်း သိရှိရပါသည်။


စစ်ကိုင်းမြိုနယ်၊ မင်းကွန်းကျေးရွာရှိ မြသိန်းတန်စေတီ(ခ)ရှင်ဖြူဘုရား (ခ)ဆင်ဖြူရှင်ဘုရားမှာ နာမည် ၃ မျိုးဖြင့် တန်ကြီးဘုရားတစ်ဆူဖြစ်ပြီး တာဝတိံသာ နတ်ပြည်မှ စူဠာမဏိစေတီတော်အား ရည်မှန်း၍ လှူဒါန်းထားသော စေတီတော်တစ်ဆူဖြစ်ကြောင်း၊ မြသိန်းတန် စေတီတော်မြတ်၏ ဖိနပ်အချင်း တော်မှာ ၂၁၄ တောင်ဉာဏ်တော်အမြင့် ၃၂၁ ပေရှိပြီး သီတာ ၇ တန်၊ တောင်ရံ ၇ ထပ်အာလိန် ၅ ဆင့်စောင်းတန်း ၃ သွယ်တိုဖြင့် မြင်းမိုရ်တောင်နှင့် စကြဝဠာ တည်ရှိပုံကို ရည်မှန်းတည်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။


မြသိန်းတန်စေတီတော်ကြီးမှာ ၁၈၃၆ ခုနှစ်တွင် ငလျှင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့သော်လည်း ၁၈၇၄ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးမှာ နဂို မူလပုံစံအတိုင်းပြန်လည်ပြုပြင်မွမ်းမံတည်ထားကိုးကွယ်ခဲ့ကြောင်း သိရှိရသည်။


