ယာဥ်တိုက်မှုကြောင့်သေဆုံးသွားသည့်မြန်မာနိုင်ငံသားအတွက်လျှော်ကြေးထုတ်ယူရန် သံရုံးအသိပေး

၂၀၂၂ဒီဇင်ဘာ ၁၇
ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သည့်ယာဥ်တိုက်မှုကြောင့်သေဆုံးသွားသည့်မြန်မာနိုင်ငံသားအတွက်လျှော်ကြေးထုတ်ယူရန် သံရုံးအသိပေး
ဖြစ်စဥ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ၂၄ ရက်တွင် ထိုင်းနိုင်ငံ Angthong ခရိုင်၊ Chaiyo မြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသွားသူ ယာဉ်မောင်း စောထူးအေး (ခ) နိုင်းဝေ့ (ပန်းရောင်ကဒ် အမှတ်- 00-1502-100001-2) အတွက် လျော်ကြေးကိစ္စများဆောင်ရွက်ရန်နှင့် လျော်ကြေးငွေလက်ခံရန် Chaiyo ရဲစခန်းမှ အကြောင်းကြားလာကြောင်းသိရသည်။
ထို့ကြောင့်စောထူးအေး (အမှတ် (၄)၊ အစု (၂)၊ လက်ဖားရပ်ကွက်၊ ချိုင်ရိုးမြို့နယ်၊ အန်ထောင်းခရိုင်) နှင့် အတူနေထိုင်ခဲ့သော သူငယ်ချင်း/ မိတ်ဆွေများအနေဖြင့် စောထူးအေး၏ မြန်မာနိုင်ငံ၌ နေထိုင်သည့် နေရပ်လိပ်စာ၊ မိဘအမည်များ၊ ဆွေမျိုးသားချင်းများ၊ ဖုန်းနံပါတ် များကို သိရှိပါက မြန်မာသံရုံး၏ တယ်လီဖုန်း (၀၉၄၈၀၄၃၂၇၆) သို့ အကြောင်းကြားပေးရန် အကူအညီပြုရေး အသိပေးချက်ကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကထုတ်ပြန်ထားသည်။

Total Views ~ 207

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43022

© 2022 - 2025 News. All Rights Reserved.