ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့ နယ်၊ ရွှေပေါက္ကံအမှတ်(၂၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်းတွင် ယနေ့(ဒီဇင်ဘာ ၁၅) နံနက် ၁ နာရီ ၄၂ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။
အဆိုပါ မီးလောင်မှု သတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၈ မိနစ်အချိန်တွင် မီးထိန်း နိုင်ခဲ့ပြီး နံနက် ၁ နာရီ ၅၂ မိနစ် အချိန်မီးငြိမ်းကြောင်း မြန်
မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရသည့် အ ကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေတို့ကို မသိရသေးပေ။