ရန်ကုန်၊ ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (UADP) က ရန်ကုန်တိုင်းအတွင်း မြို့နယ်ပါတီရုံး ခုနစ်ခုအထိ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။
သင်္ကြန်မတိုင်မီ မြို့နယ်ရုံးခုနစ်ခု အပြီးဖွင့်လှစ်ရန် ချမှတ်ခဲ့သည့် အစီအစဉ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင် ခဲ့ခြင်းဖြစ်ကြောင်း ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦး ကပြောသည်။ "ဧပြီ ၁၀ ရက်က ဒေါပုံမြို့ နယ်ရုံးဖွင့်ခဲ့တယ်။ ၁၁ ရက်က တိုက်ကြီး မြို့နယ်ရုံးကို အင်အား၂၀၀ ကျော်နဲ ဖွင့်လှစ် ခဲ့တယ်။ သင်္ကြန်မတိုင်မီ ပါတီရုံးခုနစ်ရုံးပြည့်မြောက်အောင် ဖွင့်လှစ်မယ့် အစီအစဉ်က တော့ ပြီးသွားပါပြီ"ဟု ၎င်းက ဆက်ပြောသည်။
ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် လက်ရှိတွင် သာကေတမြို့နယ်တွင် ပါတီရုံး ချုပ်ဖွင့်လှစ်ထားပြီး ပါတီမြို့နယ်ရုံးများအဖြစ် ဆိပ်ကြီးခနောင်တို၊ လှည်းကူး၊ စမ်းချောင်းနှင့် အင်းစိန်၊ ဒေါပုံ၊ တိုက်ကြီး စသည့် မြို့နယ်များတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ညီသစ်