ရန်ကုန်မြစ်အတွင်း ချယ်ရီ-၂ သင်္ဘော၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိ

၂၀၂၂၊ဒီဇင်ဘာ ၁၉


ရန်ကုန်မြို၊ ဗိုလ်တထောင်မြိုနယ် မိသားစုရပ်ကွက် နန်းသီတာ ဆိပ်ကမ်းမှဒလသိုပြေးဆွဲသည့် ပြည်တွင်းရေကြောင်းပိုဆောင်ရေးဌာနပိုင် ချယ်ရီ(၂)နှစ်ထပ် ရေယာဉ်သည် ခရီးသည်များတင်ဆောင်၍ ဒလဆိပ်ကမ်းသိုထွက်ခွာသွားစဉ် ရေလယ်အရောက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသတင်းအရ ပူးပေါင်းအဖွဲမှ သွားရောက်စစ်ဆေးခဲ့ရာ ရေယာဉ်မှူး ဦးစိန်လှိင်အောင်(၅၂)နှစ် မောင်းနှင်ပြီး ရေယာဉ်ဝန်ထမ်း(၂၀)ဦးခန့်နှင့် ခရီးသည်(၂၀၀)ဦးခန့် လိုက်ပါလာသည့် ပြည်တွင်းရေကြောင်းပိုင် ပန်းဆိုးတန်း-ဒလလူကူးသင်္ဘော ချယ်ရီ(၂)နှစ်ထပ် ရေယာဉ်နောက်ပိုင်း အောက်ထပ်ရှိ လှေကားဝဲဘက်ထောင့်အောက်ခြေတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရပြီး ပေါက်ကွဲမှုကြောင့် ဦးကျော်အေး(၆၄)နှစ်တွင် ဝဲမျက်ခုံး/ ယာလက်ဖျံ/ယာရင်အုံပေါက်ကွဲစထိမှန်ဒဏ်ရာ ၃ ချက်(စိုးရိမ်ရ)၊ဦးဇော်ဝင်း(၄၃)နှစ်တွင် ယာရင်ဘတ် ပေါက်ကွဲစထိမှန်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)၊ ကိုသိန်းရွှေမောင်(၄၉)နှစ်တွင် ဝဲနားထင်/ ဝဲပေါင်မိုင်းစထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)၊ ကိုကျော်စွာ(၄၈)နှစ်တွင် နှာခေါင်းပေါက်ကွဲစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ကိုပြည့်ဖြိုးဟန် (၂၃)နှစ်တွင်  ဝဲခြေသလုံးပေါက်ကွဲစ ထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ကိုနိုင်နိုင်ဦး(၃၇)နှစ်တွင် ယာခြေသလုံးပေါက်ကွဲစထိမှန်ဒဏ်ရာ ၁ချက် (မစိုးရိမ်ရ)၊ ဦးဝင်းမောင်(၅၄)နှစ်တွင် ဝဲ/ယာခြေသလုံးပေါက်ကွဲစထိမှန်ဒဏ်ရာ ၂ ချက် (မစိုးရိမ်ရ)၊ ဦးမြင့်ဆွေ(၆၀)နှစ်တွင် ဝဲမျက်ခုံး/ ယာလက်မောင်း/ယာရင်အုံပေါက်ကွဲစထိမှန်ဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)၊ ကိုသိန်းထိုက်(၃၅)နှစ်တွင် ဝဲ/ယာခြေသလုံးပေါက်ကွဲစထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)၊ ဦးဌေးအောင်(၅၉)နှစ်တွင် ဝမ်းဗိုက်/ဝဲနားထင် ပေါက်ကွဲစထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)၊ ဦးသန်းဇော်ထွန်း(၄၅)နှစ်တွင် ဝဲရင်ဘတ်/ ဝဲနားထင်/ ဝဲလက်ဖျံ ပေါက်ကွဲစ ထိမှန်ဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)၊ ဦးအေးမင်းထွန်း(၄၃)နှစ်တွင် ဝဲဦးခေါင်း/ ဝဲခြေသလုံး ပေါက်ကွဲစထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)၊ ဦးသိန်းထွဋ် (ခ)တရုတ်ကြီး (၃၁)နှစ်တွင် ဝဲ/ယာခြေသလုံး/ ယာရင်ဘတ်/ ဦးခေါင်းပေါက်ကွဲစထိမှန်ဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ)၊ ကိုအောင်ဇော်လင်း(၁၉)နှစ်တွင် ဝဲဦးခေါင်း/ ဝဲလက်ဖျံ ဝဲ/ယာခြေသလုံး/ ပေါက်ကွဲစ ထိမှန်ဒဏ်ရာ ၄ ချက်(စိုးရိမ်ရ)၊ ဦးမင်းမင်းစိုး(၃၅)နှစ် တွင် ဝဲလက်မောင်း ယာပေါင် /ယာခြေသလုံး /ဝဲနားထင်ပေါက်ကွဲစ ထိမှန်ဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ၊ ဝဲဒူးထိမှန်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ မဟန်နီသန်းနိုင်(၁၈)နှစ် ယာနားထင်ထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တိုအသီးသီးရရှိခဲ့ကြောင်းသိရသည်။

 ဒဏ်ရာ ရရှိသူ ၁၇ ဦး(ကျား ၁၅၊ မ ၂)တိုအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသိုပိုဆောင်ခဲ့ကြောင်းနှင့်  ပေါက်ကွဲမှုဖြစ်ပွားသည့် သင်္ဘောပေါ်သို  ဦးစီးအဖွဲက ရောက်ရှိလာပြီး မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ ည ၈ နာရီတွင် ပြီးဆုံးခဲ့ကြောင်းနှင့် ပူးပေါင်းအဖွဲမှ သင်္ဘောပေါ်တွင်ပါရှိသော CCTV မှတ်တမ်းများအားအသေးစိတ်စစ်ဆေးလျက်ရှိပြီး တရားခံဖမ်းဆီး ရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 205

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43022

© 2022 - 2025 News. All Rights Reserved.