ရန်ကုန်မြို့တွင် ဦးစား(က)အဆင့် ၁၆မြို့နယ်ကို အုပ်စု (A)( B)ခွဲကာ လျှပ်စစ်ဓာတ်အားအလှည့်ကျ ဖြန့်ဖြူးမည်ဟု YESC ထုတ်ပြန်

၂၀၂၂ ဒီဇင်ဘာ ၆

ရန်ကုန်မြို့ကို ဦးစားပေး(က) အဆင့် သတ်မှတ်ထားသော ၁၆ မြို့ နယ်ကို အုပ်စု (A)( B)ခွဲကာ လျှပ် စစ်ဓာတ်အားအလှည့်ကျဖြန့်ဖြူးမည်ဟု ရန် ကုန် လျှပ်စစ်ဓာတ်အား ပေးကော်ပိုရေးရှင်း(YESC)က သတင်းထုတ်ပြန်ထားသည်။
YESCအနေဖြင့် ဦးစားပေးအဆင့် (က)ရှိသည့် မြို့နယ် ၁၆ မြို့နယ်သို့ လျှပ်စစ်ဓာတ်အားပေးသည့်စနစ်ကို အုပ်စု ခွဲ၍ အလှည့်ကျဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစားပေး အဆင့်(က) မြို့နယ်များဓာတ်အားဖြန့် ဖြူးပေးမည့်အစီအစဉ်အဖြစ် ဦးစားပေးအဆင့် (က)တွင် မြို့နယ်(၁၆)သတ်မှတ်ထားပြီး ယင်းမြို့နယ်များတွင် ရန်ကင်း ၊သင်္ဃန်းကျွန်း ၊တောင်ဥက္ကလာပ၊ တာမွေ ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊လမ်းမတော်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင့်တိုင်၊ စမ်းချောင်းမြို၊မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်နှင့်၊ ဗဟန်း မြို့နယ်များပါဝငကြောင်း သိရသည်။
အများပြည်သူအုပ်စု (A) နှင့် (B) အား နံနက် (၉)နာရီ မှ ညနေ (၄)နာ ရီ အတွင်း အုပ်စု (A)(B) ဖြင့် အ လှည့်ကျဝန်အားလျော့ ဓာတ်အားပေးပါမည် ဖြစ်ပြီး ညနေ (၄)နာရီ မှ နံနက် (၉)နာရီအထိ ဓာတ်အား အ ပြည့်ပေးထားပါမည်ဟု YESC က ထုတ်ပြန်ထားသည်။
ထို့အပြင် တောင်ဥက္ကလာပမြို့နယ်ရှိ စက်မှုဇုန်အား နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိသာ ဓာတ်အားပေးပါမည်ဖြစ်ပြီး ၎င်း ဦးစားပေးအဆင့်(က) မြို့နယ်(၁၆)မြို့နယ်အတွင်းရှိ ဆေးရုံများနှင့် အရေး ကြီးဌာနဆိုင်ရာများအား(၂၄) နာရီ ဓာတ်အားဖြန့်ဖြူးပေးမည်ဟုလည်းရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ကသတင်း ထုတ်ပြန်ထားသည်။

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.