၂၀၂၂၊ဒီဇင်ဘာ ၃၀
ရဟတ်ယာဉ်အဂတိမှုများအတွက် ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ဒီဇင်ဘာ ၃၀ ရက်တွင် နေပြည်တော်အချုပ်ထောင် သီးသန့်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။


လက်ရှိတွင် နစက က ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုများထဲမှ အပြီးသတ်အမိန့်ချမှတ်ထားသော အမှုများအတွက် ထောင်ဒဏ် စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်၍ ယနေ့ ချမှတ်သော ထောင်ဒဏ်နှင့် ဆိုပါက စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ရှိပြီ ဖြစ်ကြောင်း၊ ဦးဝင်းမြင့်အနေဖြင့် ချမှတ်ခံထားရသော ထောင်ဒဏ် ၇ နှစ်ထက် မနည်း ရှိနေသောကြောင့် ယနေ့ ချမှတ်သော ထောင်ဒဏ်နှင့် ဆိုပါက စုစုပေါင်း ၁၄ နှစ်ထက်မနည်း ရှိပြီ ဟုသိရသည်။