၂၀၂၂ ဒီဇင်ဘာ ၁၅
ဒီဇင်ဘာလ ၁၃ ရက်နေ့ ည၆နာရီ ၄၅မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲ၀င်များပါ၀င်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြိုနယ်၊ မယ်ယန်းကျေးရွာ၊ မယ်ယန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေရာ စိုင်းနွံကျောက် မောင်းနှင်ပြီး အိုက်ယုန် လိုက်ပါ လာသည့် CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး(အက်တက်စီ)ဆေးပြား ၅၀၂၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၅၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ညပိုင်းတွင်စိုင်းဆိုင်ဖွဲအား ၎င်းငှားရမ်းနေထိုင်သည့် တာချီလိတ်မြို၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၄)လမ်းရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး (ကက်တမင်း)အလေးချိန် ၁၂၀.၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂.၀၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းနွံကျောက်(၄၂)နှစ်၊ အိုက်ယုန်(၂၁)နှစ် နှင့် စိုင်းဆိုင်ဖွဲ(၂၀)နှစ်တိုအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။