၂၀၂၂ ဒီဇင်ဘာ ၁၅
လွိင်ကော်မြိုနယ် ရှမ်းကယားနယ်စပ် ဆော်ခီးဒေါ ကျေးရွာအနီး ၁၃၂ ကေဗွီဓါတ်အားလိုင်းမှ တာဝါတိုင် အမှတ် (၁၁၁)နှင့်(၁၁၂) တာဝါတိုင် (၂)တိုင်အား KNPP/ KNDF/PDF အကြမ်းဖက်အဖွဲမှ ဒီဇင်ဘာ ၁၃ ရက်နေ့ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။
၄င်းတိုင်များသည် (၂၅-၁၁-၂၀၂၁)ရက်နေ့တွင်ဖောက်ခွဲဖျက်ဆီး ခြင်းခံခဲ့ရပြီး ပြန်လည်ပြင်ဆင်ပြီး အသုံးပြုနေရာမှ ယခု တစ်ကြိမ်ထပ်မံ မိုင်းခွဲဖျက်ဆီးခံရခြင်း ဖြစ်ပါသည်။
ပြည်သူများ လျှပ်စစ်မီးပုံမှန်မရခြင်းမှာ အကြမ်းဖက်သမားများ ဖျက်ဆီးခြင်းကြောင့်ဖြစ်ပြီး လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့်ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။