လဝကမှ ဒုဝန်ကြီးအားတာဝန်မှအနားပေးသည်ဆိုသော သတင်းမှာ သတင်းအမှားသားဖြစ်ပြီး ညွှန်/ချူပ်ကိုသာလုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်မှ အနားပေးခဲ့ခြင်းဖြစ်ဟု ပြန်ရှင်း

ရန်ကုန် ၊ဒီဇင်ဘာ ၁၄
လဝက ဒုတိယဝန်ကြီးအားတာဝန်မှအညနားပေးသည်ဆိုသော သတင်းမှာ သတင်းအမှားသားဖြစ်ပြီး လ.ဝ.က ညွှန်/ချူပ်အားလုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်မှအနား ပေးခဲ့ခြင်းဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
လတ်တလောတွင် လဝကဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်တို့ကို တာဝန်မှ အနားဘပေးလိုက်သည်ဆိုသောသတင်းများထွက်ပေါ်နေခြင်းကြောင်း ယင်းသတင်းများ မှန်၊မမှန် အတည်ပြုပေးစေလိုကြောင်းသတင်းဌာနတစ်ခု၏ မေးခွန်းအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လဝက ဒုတိယဝန်ကြီးအားတာဝန်မှအနား ပေးခြင်းမှာ မှန်ကန်မူ(မရှိ)ပါကြောင်း၊လဝက ညွှန်/ချူပ်အား တာဝန်မှအနားပေးခြင်းမှာ နိုင်ငံဝန်ထမ်း နည်းဥပဒေများ၊လုပ်ထုံး လုပ် နည်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြန်လည်ဖြေကြားခဲ့သည်။

Total Views ~ 174

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.