လာရောက် လုပ်ကြံသည့် PDFများကို အုပ်ချုပ်ရေးမှူးက ပြန်လည်တိုက်ခိုက်

ငါန်းဇွန်၊ ၂၀၂၂  ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၇ ရက် နံနက် ၆ နာရီအချိန်၌ ကျေးရွာအုပ်ချုပ်ရေးမှူးကို လာရောက်လုပ်ကြံသော PDF များကို ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ပစ်ဗုံးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဆင်ဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဟန်သည် နေအိမ်တွင်ရှိစဉ် PDF သုံးဦးသည် အုပ်ချုပ်ရေးမှူး၏ အိမ်တံခါးကိုရိုက်ဖျက်ခြင်း၊ နေအိမ်အတွင်းသို့ လက်လုပ်ဗုံးများပစ်သွင်းခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများလုပ်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ပစ်ဗုံးဖြင့်ပြန်လည် ခုခံပစ်ခတ်ရာ PDFများကိုထိမှန်ပြီး ပြန်လည်ထွက်ပြေးသွားကြသည်။
ထွက်ပြေးသည့်နောက်ကို လိုက်လံစစ်ဆေးရာ နှစ်လုံးပြူးသေနတ်တစ်လက်၊ကျည်ခွံ ၈ ခု၊ လက်လုပ်ဗုံးသုံးလုံးသိမ်းဆည်းရမိကြောင်းသိရသည်။

Total Views ~ 201

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.