ဝေဇယန္တာလမ်းနှင့် ရတနာလမ်း ထောင့်တွင် ယာဥ် ၃စီးတိုက်မှုဖြစ်ပွားပြီး ယာဥ်တစ်စီးမီးလောင်မှုဖြစ်၍ ၅ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး ၊တောင်ဥက္ကလာပမြို့နယ်၊ဝေဇယန္တာလမ်း နှင့် ရတနာလမ်း ထောင့် မီးပွိုင့်၌ ယာဥ်(၃) စီးတိုက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်(၁) စီး မီးလောင်ကျွမ်းခဲ့မှုဖြစ်ကာ (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။




ဖြစ်စဥ်မှာ ယနေ့( ဒီဇင်ဘာ ၁၄ )သန်းခေါင် ယံအချိန် ၁၂ နာရီ ၅ မိ နစ်ခန့်က တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ ဝေဇယန္တာလမ်း နှင့် ရတနာလမ်းထောင့်တွင် Alphard အိမ်စီးယာဥ်၊ Mark ll အိမ်စီးယာဥ်နှင့် လူနာတင်ယာဥ်တစ်စီးတို့ တိုက်မိခဲ့ခြင်း ဖြစ်ပြီးMark ll ယာဥ် မီးလောင်ခဲ့ခြင်း ဖြစ်သည်။


ထိုယာဥ် ၃ စီးတိုက်မှုဖြစ်စဥ်ကြောင့် Mark ll ယာဥ်မှ ကျား ၂ ၊မ ၁ ဒဏ်ရာရရှိကြောင်း၊Alphard ယာဥ်လည်း ထိခိုက်မှုဖြစ်ကာ လူ ၂ ဦးထိခိုက်မှုရှိခဲ့ကြောင်းအဆိုပါ ထိ ခိုက်မှုရှိသူများအား သင်္ကန်းကျွန်းစံပြဆေးရုံနှင့် အ ခြားနီးစပ်ရာဆေး ရုံများသို့တင်ပို့ခဲ့ကြောင်း သိရသည်။



ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ ဒီဇင်ဘာ၁၄ရက်နေ့၊ ၀၀:၀၅ နာရီ အချိန်ခန့်၊ဝေဇယန္တာလမ်း နှင့် ရတနာလမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ် ပွားပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၀၀:၀၈ နာရီအချိန် မီး ငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

Total Views ~ 199

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43008

© 2022 - 2025 News. All Rights Reserved.