ဦးကျော်မိုးထွန်းသည် အကြမ်းဖက်အဖွဲ့ကိုသာ ကိုယ်စားပြုသူဖြစ်ပြီး ၎င်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ လုပ်ဆောင်မှုများသည် အကြမ်း ဖက်မှုအပေါ် အားပေးရာရောက်ကြောင်း ထုတ်ပြန်

၂၀၂၂ ၊ ဒီဇင်ဘာ ၁၄
တည်ဆဲအစိုးရ၏ပေးအပ်သောဦးကျော်မိုးထွန်းသည် နိုင်ငံတော်အ ပေါ်သစ္စာဖောက်ခြင်းနှင့်တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံး စားပြုမူခြင်းများရှိခဲ့သောကြောင့် နိုင်ငံဝန် ထမ်းအဖြစ်မှ ထုတ်ပစ်ခဲ့ပြီးဖြစ် ကြောင်း၊၎င်းသည် NUGI CRPHI PDF အကြမ်းဖက်အဖွဲ့တို့နှင့်သာ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ကိုယ်စားပြုသူသာဖြစ်ခြင်းကြောင့် ၎င်း၏ ပြောဆိုဖြေကြားချက်၊ လုပ် ကိုင်ဆောင်ရွက်ချက်များအား လုံးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် မည်သို့မျှ ပတ်သက်မှုမရှိဘဲ အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG၊ CRPHI PDF အဖွဲ့တို့သာ ကိုယ်စားပြုမူရှိကြောင်း နစကသတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်လိုက်သည်။
ထို့အတွက် ကုလသမဂ္ဂ၏ ၎င်းနှင့်ပတ်သက်၍သဘောတူသည့် အကြောင်းအရာ၊ အချက်အလက်များသည် အကြမ်းဖက်အဖွဲ့ကိုယ် စားပြုသူတစ်ဦး အပေါ် လုပ် ဆောင်နေခြင်းဖြစ်သောကြောင့် နိုင်ငံများယုံကြည်ကိုးစားရာဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်း ကြီးသည် အကြမ်းဖက်မှုအပေါ် အားပေးသက်ရောက်ရာဖြစ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ် စာချုပ် အပိုဒ်(၁)နှင့် အပိုဒ် (၂)၏ အပိုဒ်ခွဲ(၁)တွင် “ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးမှာ အချုပ်အခြာအာဏာအရာ၌ တူညီကြသည်” ဟူသောမူပေါ်တွင် အခြေခံ၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကိုဖွဲ့စည်း သည်ဟူ၍လည်းကောင်း၊ အပိုဒ်ငယ် (၇) တွင် “နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီရင်ပိုင်ခွင့်အာဏာတွင်း၌ သက်ရောက်သောကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့် အာဏာမရှိစေရ”ဟူ၍လည်း ကောင်း၊ အပိုဒ်(၆)တို့တွင် ကုလသ မဂ္ဂ၏လုပ်ဆောင်နိုင်မှုများနှင့် ပတ် သက်၍ အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိကုလသမဂ္ဂအဖွဲ့အစည်းကြီး ၏ လုပ်ဆောင်မှုများသည် ပြဋ္ဌာန်းထားသည့်ပဋိညာဉ်များနှင့်သွေဖည်မျက်ကွယ်ပြု ချိုးဖောက်ရာသို့ရောက်ရှိနေကြောင်း၊မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ မိသားစုအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံပီပီကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ပဋိညာဉ်စာ ချုပ်များအပေါ် မသွေမဖည် မျက် ကွယ်မပြုဘဲ ဆက်လက်လိုက်နာ သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

Total Views ~ 191

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.