RCSS ဦးဆောင်သော တိုင်းရင်းသားလက်နက်အဖွဲ့ ၇ဖွဲ့က နစကနှင့် နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံမည်

၂၀၂၂ ၊ဒီဇင်ဘာ ၂
NCA ရေးထိုးထားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့စုပေါင်း၍ နစကနှင့် နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံရန် ပြင် ဆင်နေပြီ ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (PPST) ‌မှ သိရသည်။
ယင်းသို့တွေ့ဆုံနိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ထံ စာပေးပို့ထားခြင်း ဖြစ်ပြီး နစကနှင့် တွေ့ ဆုံမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့တွင် RCSS က အဖွဲ့ခေါင်းဆောင် တာဝန်ယူပေးမည်ဖြစ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ KNU-KNLA(PC) အတွင်းရေးမှူးချုပ် ဗိုလ် မှူးကြီးစောကျော်ညွှန့်က ‌ပြောသည်။
" အလွတ်သဘောတွေ့ဆုံဖို့ စတင်ကြိုးပမ်းတာပါ။စတင်ကြိုးပမ်းနေပါပြီ။ PPST အနေနဲ့တော့ မဟုတ်ဘူး။NCA NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ဖွဲ့အရ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေး အဖွဲ့ပေါ့လေ။ RCSS က ဗိုလ်မှူးကြီး စိုင်းငင်းက အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးချယ်ပြီးတော့ ကမ်းလှမ်းတာပါ" ဟု ၎င်းကပြောသည်။
နစကနှင့်တွေ့ဆုံရန် ပြင်ဆင်နေသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့မှာ RCSS၊ NMSP၊ DKBA၊KNU-KNLA(PC) ၊ PNLO၊LDU ၊ALPတို့ဖြစ်သည်။

Total Views ~ 189

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.