ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တိုအား သတ်ဖြတ်ပြီး လက်နက်များရယူခဲ့ကြောင်း Bago PDF ထုတ်ပြန်

၂၀၂၃၊ ဇန်နဝါရီ ၂၃

ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁) အနီးတွင် UG တော်လှန်ရေးရဲဘော်များအား အသွင်ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီးမြင့်အောင်တိုအား ဇန်နဝါရီလ (၂၂) ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ တိုမှ ပူးပေါင်းအဖွဲက သတ်ဖြတ်ခဲ့ကြောင်း Bago Region PDF မှ ထုတ်ပြန်ထားသည်။


ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point - Ocean စင်တာအနီးရှိ အမှတ် (၁)စစ်ဘက် ရေးရာလုံခြုံရေးအကူတပ်၏ စစ်ကြောရေးတာဝန်ခံ စရက(၁)တပ်မှူးဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူး ကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်တို လိုက်ပါလာသည့် ယာဉ်အမှတ် (YGN. 2N 6158) TOYOTA VANGUARD အမဲရောင်ယာဉ်ဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်းထွက်ခွာလာပြီဖြစ်ကြောင်း YUA အဖွဲ၏ သတင်းအချက်အလက်ပေးပိုမှုအရ တော်လှန်ရေးတပ်ဖွဲဝင်များမှာ ကင်းပုန်းဝပ်၍ စောင့်ဆိုင်းကာ ၎င်းကား အား ရပ်တန့်စေခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကားရပ်တန့်ပြီးနောက် PDF များက ဝိုင်းဝန်းပိတ်ဆိုဖမ်းဆီးစဉ် ခုခံသဖြင့် ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တိုအား ပစ်ခတ်ခဲ့ရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ သေဆုံးသူများထံမှ ၉မမ ပစ္စတို(၂) လက်၊ ကျည်(၁၂)တောင့်၊ ယာဉ်လိုင်စင်နှင့် စာရွက်စာတမ်းအချိုအား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဉ်အား မီးရှိဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Total Views ~ 358

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58488

© 2022 - 2025 News. All Rights Reserved.