Breaking

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို စနစ်တကျစိစစ်ရွေး ချယ်ဝင်ခွင့်ပြုသည့် စနစ်သစ်ကို ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှ စတင်ကျင့်သုံးလျက်ရှိ

၂၀၂၃ မတ် ၁၁

မတ် ၁၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-I)၌ ကျင်းပသည့် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ဖွင့်ပွဲ အခမ်းအနားတွင် နစက ဥက္ကဌက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဆေးနှင့်ဆေးပညာ နှီးနွှယ် တက္ကသိုလ် ၁၆ ခု၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ၅၃ ကျောင်းတို့ကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်ဟု သိရသည်။

 

သင်ရိုးညွှန်းတမ်းတွေကို လိုအပ်ချက်နဲ့အညီ ပြုပြင်ပြောင်းလဲပြီး သင်ကြားပေးနေပါတယ်။ အခုဆေးပညာ သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာအဆင့်မီဖို့ မျှော်မှန်းရလဒ်အခြေခံတဲ့ စုစည်းချိတ်ဆက်သင်ကြားခြင်းစနစ်ကို ပြောင်းလဲသင်ကြားနေပါတယ်။ ကျန်းမာရေးပညာရှင်များကြား ယှဉ်တွဲလေ့လာသင်ယူမှု (Inter-Professional Education)နှင့်လက်တွေ့ ပူးပေါင်းဆောင်ရွက်တတ်စေရေးတို့ကိုလည်း ထည့်သွင်းသင်ကြားပေး လျက်ရှိပါတယ် '' ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌တက်ရောက်ရန် ဝင်ခွင့်ရွေးချယ်ရာတွင် ဆေးပညာရပ်အား အမှန်တကယ်စိတ်ဝင်စားသူများ၊ ဆေးပညာကျင့်ဝတ်လိုက်နာ စောင့်ထိန်းမည့်သူများ၊ ကျန်းမာရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်လိုသူများ၊မေတ္တာစေတနာနှင့် ကျန်းမာရေးစောင့်ရှောက်ပေး လိုသူများကိုသာ ရွေးချယ်ပြုစုပျိုးထောင်နိုင်ရန် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို စနစ်တကျ စိစစ်ရွေး ချယ်ဝင်ခွင့်ပြုသည့် စနစ်သစ်အား ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှစတင်ကာ ကျင့်သုံးလျက်ရှိသည်ဟု ဆိုသည်။

ကျန်းမာရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊ နှီးနွယ်ဆက်စပ်နေ သည့် ဌာနဆိုင်ရာများ၊ နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားကိုလိုလားသည့် စေတနာရှင်ပရဟိတ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီ ပံ့ပိုးမှုများ၊ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်မှု စွမ်းအားများနှင့် ဦးတည်ချက်ကို အောင်မြင်မှုရရှိလာသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

 

Total Views ~ 401

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59182

© 2022 - 2025 News. All Rights Reserved.