ရန်ကုန်၊ ဒီဇင်ဘာ ၂၀
တိုင်ပြည်နှင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အရွေ့တစ်ခုရောက်စေချင်သည့်အတွက် ၂၀၂၅ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြီးတွင် ဝင်ရောက်အရွေးချယ်ခံခြင်းဖြစ်ကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်အေးစန္ဒာမြင့် ကပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၀ တွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင် အရွေးချယ်ခံမည့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းများ၏ မဲဆွယ်စည်းရုံး၊ဟောပြောခြင်းနှင့် မီဒီယာများတွေ့ဆုံ မိတ်ဆက်ခြင်းအခမ်းအနားတွင်ပြောကြားခဲ့သည်။
ကမာရွတ်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း) ဒေါ်အေးစန္ဒာမြင့်က"အခုရွေးကောက်ပွဲက တစ်ကယ်ပဲ အရေးကြီးတယ်လို့ ထင်တယ်။ ကျွန်မအနေနဲ့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ဝင်ရောက်အရွေးချယ်ခံမယ်ဆိုပြီးတော့ တိုင်းပြည်ကို ပိုမို ကောင်းမွန်တဲ့အရွေ့တစ်ခုရောက်ချင်တယ်ဆိုရင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကနေ အရွေးချယ်ခံရတဲ့သူက လွှတ်တော်ထဲ ရောက်သွားပြီး၊ လွှတ်တော်ထဲကနေ ကျွန်မတို့ ဆောင်ရွက်ချင်တဲ့အချက်တွေကို ဆောင်ရွက်ပေးလို့ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဝင်ရောက် ယှဥ်ပြိုင်ခြင်းဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ဒေါ်အေးစန္ဒာမြင့် (တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း) ၏ မှုဝါဒမှာ နိုင်ငံတော်နှင့်ပြည်သူများအတွက် နစ်နာဆုံးရှုံးမှုများကို အထူးကာကွယ်စောင့်ရှောင့်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေး အတွေ့အကြုံများကို ပေါင်းစပ်၍ စစ်မှန်သော အပြောင်းအလဲကို အ ကောင်အထည်ဖော်ပေးမည် ဖြစ် ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိုင်စောင့်နေမည့်အစား တိုင်းရင်းသားလုပ်ငန်းရှင်များကို ပံံ့ပိုးအားပေမည်ဖြစ်သည်။
တစ်ဦးတစ်ယောက်ချင်းမှသည် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပိုမိုကောင်းမွန်သော လူနေမှုစနစ်၊ ကျန်းမာရေး၊ပညာရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊တရားစီရင်ရေးစသည်တို့သည် ကောင်းမွန်ဖြူစင်သောစိတ်မှ အခြေခံပြီး ပြိုင်တူတွန်းလျှင် ပန်းတိုင်းရောက်ရှမည်ဟု ယုံကြည်သည့်အတွင် ကိုယ်စားလှယ်လောင်း ဝင်ရောက်အရွေးချယ်ခံ ခြင်းဖြစ်ကြောင်းသိရသည်။ သက်မှူး