ကျောင်းသားများ စာမေးပွဲဖြေဆိုပြီးချိန်ဖေဖော်ဝါရီအထိ ကျောင်းတက်ကြရမည်ဖြစ်ပြီး ဆရာများသည်လည်း အဖြေလွှာစစ်ဆေးပြီးစီးချိန်မတ်လအထိ ကျောင်းတက်ကြရမည်

ရန်ကုန်၊ ၂၀၂၂ ဒီဇင်ဘာ ၁၀

အခြေခံပညာကျောင်းများရှိ ကျောင်းသားများသည် ဖေဖော်ဝါရီလအတွင်းသတ်မှတ်ထားသော စာမေးပွဲဖြေဆိုရက် များတွင်စာမေးပွဲဖြေဆိုပြီးသည့်အထိ ကျောင်းတက်ကြုရမည်ဖြစ်ပြီး ဆရာများသည်လည်း မတ်လ အတွင်း ကျောင်းသားများ အတန်းကူးပြောင်းရေးအတွက် အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်း များပြီးစီးသည့်အထိ ကျောင်းတက်ကြရမည် ဖြစ်ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့မှသိရသည်။ 

အခြေခံပညာကျောင်းများ၏ပုံမှန်သတ်မှတ်ထားသည့် ပညာကာလသည် ဇွန်လမှ မတ်လ အထိ(၁၀) လဖြစ်ပြီး ၎င်းပညာသင်ကာလအတွင်းသင်ကြားသင်ယူမှုလုပ်ငန်းများ၊ တတ်မြောက်မှုစစ်ဆေးခြင်းလုပ်ငန်းများနှင့် ကျောင်းသားများအတန်းကူးပြောင်းရေးအတွက်အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ခြင်း၊  ဇွန်လမှ ဖေဖော်ဝါရီလပထမပတ် အထိသင်ကြားသင်ယူမှုလုပ်ငန်းများဆောင်ရွက်ပြီးဖေဖော်ဝါရီလ ဒုတိယပတ်မှ မတ်လဒုတိယပတ်အတွင်း အတန်းအလိုက် သတ်မှတ်ထားသော စာမေးပွဲဖြေဆိုရမည့်ရက်များတွင် ကျောင်းတွင်းစစ်စာမေးပွဲများ၊ မူလတန်းဆင့် (Grade 5)၊အလယ်တန်းဆင့် – (Grade 9) စာမေးပွဲများနှင့်တက္ကသိုလ် ဝင်စာမေးပွဲစစ်ဆေးခြင်းများကိုဆောင်ရွက်ခြင်း၊  မတ်လ တတိယပတ်မှ မတ်လစတုတ္ထပတ် အထိ ကျောင်းသားများ အတန်းကူး ပြောင်းရေးအတွက် အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည် ။

Total Views ~ 412

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60620

© 2022 - 2026 News. All Rights Reserved.