Breaking

တရုတ်ထုတ် လျှပ်စစ်ကား အစီးရေ ၄၀ ခန့်ရောက်ရှိလာပြီး ရန်ကုန်နှင့်နေပြည်တော်တို့တွင် လျှပ်စစ်တက္ကစီများအဖြစ် စမ်းသပ်ပြေးဆွဲမည်

၂၀၂၃ ၊ ဇန်နဝါရီ ၂၅

တရုတ်မော်တော်ယာဉ်ကုမ္ပဏီ BYD Auto က ထုတ် လုပ်သည့် E2 အမျိုးအစား လျှပ်စစ်ကားအစီး (၄၀) ကို ပထမဆုံအကြိမ် တင်သွင်းခဲ့ပြီး ရန်ကုန် နှင့် နေ ပြည်တော်တို့တွင် လျှပ်စစ်တက္ကစီများအဖြစ် စမ်း သပ်ပြေးဆွဲမည်ဖြစ်ကြောင်း အ မျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သတင်းထုတ်ပြန်ထား သည်။


ပြည်တွင်း၌ စိတ်ပါဝင်စားသည့် ကုမ္ပဏီ ၂၆ ခုမှ ဦး ဆောင်ကော်မတီသို့ လာရောက်တွေ့ဆုံပြီး ဆောင် ရွက်မည့်အစီအမံအသေးစိတ်များကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် စိစစ်ခွင့်ပြုပေးလျက်ရှိရာ Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd. တို့မှ ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပထမအကြိမ် လျှပ်စစ်ယာဉ်နှင့်ဆက် စပ်ပစ္စည်းများ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ယခုရောက်ရှိလာသော ယာဉ်များသည် တရုတ်နိုင်ငံမှထုတ် လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့် တ က္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအ သုံးပြုမည့် လျှပ်စစ်သုံးယာဉ်များဖြစ်ကြောင်း သိရသည်။

အများပြည်သူအသုံးပြုနိုင်ရေး လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန်လေဆိပ်တွင်အခြေပြု၍ တက္ကစီ ၁၀ စီး၊ NPK Motors Co., Ltd. မှ နေပြည်တော် သ ပြေကုန်း ဈေးတွင်အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲကြမည်ဖြစ်ကြောင်းအမျိုးသားအဆင့် ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

Total Views ~ 344

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61573

© 2022 - 2026 News. All Rights Reserved.