ထန်းတပင်မြိုနယ်၌ အကြမ်းဖက်အုပ်စု PDFများက သေနတ်ဖြင့်ပစ်၍ ရစဖမှူးတစ်ဦးသေဆုံး

၂၀၂၂၊ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး ၊ထန်းတပင်မြိုနယ်  ကျီတော်ကျေးရွာအုပ်စု ရစဖမှူး ဦးဌေးအောင် (၅၆)နှစ် ကျီတော်ကျေးရွာနေသူသည် နေအိမ်၌ ရှိနေစဥ် အကြမ်းဖက်အုပ်စု PDFအင်အား ၈ဦးက သေနတ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၄စီးဖြင့်ရောက်ရှိလာပြီး မေးစရာရှိသည်ဟုဆိုကာ ဦးဌေးအောင်အား ကျေးရွာအနောက်ဘက်သိုခေါ်ဆောင်ပြီးနောက် နေအိမ်သိုပြန်လည်ပိုဆောင်ခဲ့ပြီး သေနတ်ဖြင့် ၇ခကြျ ပစ်ခတ်၍ သေဆုံးသွားခဲ့ကြောင်းသတင်းရရှိသည်။

အခင်းဖြစ်ရာနေရာသို ပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးရာ  ဦးဌေးအောင်တွင် ဦးခေါင်းဝဲဘက်/ယာဘက် ပွင့်ထွက်ဒဏ်ရာ ၂ချက်၊ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်တိုဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။အခင်းဖြစ်ရာနေရာအနီးတွင် ၅.၅၆ ကျည်ခွံ၆ခု၊9MM Luger ကျည်ခွံတစ်ခုတိုအားညသိမ်းဆည်းရမိခဲ့ပြီး အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရေး စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။

Total Views ~ 491

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60622

© 2022 - 2026 News. All Rights Reserved.