နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများရှိရာ စက်ရုံ၊ အလုပ်ရုံများအထိ သွားရောက် သက်တမ်းတိုးပေးမည်

၂၀၂၃ ဇန်နဝါရီ ၁၁
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်း အလုပ်သမား ၁၀၀၀ ဦးနှင့်အထက်ရှိသော စက်ရုံများသို့ Mobile Taem နှစ်ဖွဲ့ခွဲကာ အလှည့်ကျစေလွှတ်လုပ်ဆောင် သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ကြေညာထားသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို မြန်မာသံရုံး၊ ဗန်ကောက်မြို့တွင် Mobile စက် ၄ စုံ၊ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် Mobile စက် ၁ စုံဖြင့် ဆောင်ရွက်ပေးနေသည်။
ယခုထပ်မံရောက်ရှိလာသော Mobile စက်နှစ်စုံဖြင့် ပြုလုပ်ရန်ကျန်သည့် အင်အား ၁၀၀၀ ဦးနှင့်အထက်ရှိသော စက်ရုံများသို့ Mobile Taem နှစ်ဖွဲ့ခွဲကာ အလှည့်ကျစေလွှတ်လုပ်ဆောင် ပေးသွားမည်ဖြစ်၍ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်၌ ကုန်ဆုံးမည့် လုပ်သားများ စာရင်းကို သတ်မှတ်ပုံစံအတိုင်း ပြုစုပြီး ဇန်နဝါရီ ၂၀ ရက် နောက်ဆုံးထား၍ ကောင်စစ်တာဝန်ခံ အရာရှိ ဒေါ်ခင်မာလာဝင်းထံ ပေးပို့စေလိုကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် ကြေညာထားသည်။
ဇန်နဝါရီ ၂၀ ရက်အထိ တင်ပြလာသော စက်ရုံ/ အလုပ်ရုံများမှ တာဝန်ရှိသူများကို ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ အားလုံးတွေ့ဆုံပြီး အလှည့်ကျစနစ်ဖြင့် မဲနှိုက်ကာ ရက်သတ်မှတ်ဆောင်ရွက်မည်ဖြစ်သည်။

Total Views ~ 350

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60631

© 2022 - 2026 News. All Rights Reserved.