ပြည်ကြီးတံခွန်မြို့နယ်၌ မောသစ်ရွှေဆိုင်ပိုင်ရှင်၏နေအိမ်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၁ ပိသာခန့်၊ ငွေ ၁၀၁ သိန်းခန့်တို့အား လုယက်ခံရမှု

၂၀၂၂ ဒီဇင်ဘာ ၂၀

မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ် နမစ(စက်မှု)၏အနောက် တောင်ဘက် ၂ မိုင်ခန့်ကွာ (ည)ရပ်ကွက် အကွက်အမှတ်-လလ-၅/၃၂၊ ၁၃၉(အေ)လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ မောသစ်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းဆေပန်ခ(၃၈)နှစ် (ဖ)ဦးစိုင်းမြင့်ဖေ ၏ နေအိမ်၌ လုယက်မှုဖြစ်ပွားကြောင်းသတင်းအရ  ခရရမှူး(မဟာအောင်မြေ)ယာယီဒုရဲမှူးကြီး မြင့်လေး ဦးစီး ၃+၁၀ ဦး၊ မတရ(မှု/ကူ)မှ ရဲမှူး ကျော်ဇင်မြင့် ဦးစီး ၁၂+၂၀ ဦး၊ မနရမှူး(ပြည်ကြီးတံခွန်)ယာယီရဲမှူး ကျော်ဆန်းဦးစီး ၃+၁၈ ဦး၊ ခရရ(မှု/နှိမ်)မှ ရဲအုပ် မြစိုး ဦးစီး ၄+၁၅ ဦး၊ စစ်ကြောင်း(၄)မှ မှူးကျော်မင်း ဦးစီး ၃+၁၂ ဦး၊ နမစ(စက်မှု)မှ ရဲအုပ် ထင်လင်းထိုက် ဦးစီး ၂+၈ ဦး၊ စစ်နယ်မြေ(၆)မှ အရာခံဗိုလ် အေးဝင်း ပါ  ၂ ဦး၊ စရတ(လပခ)မှ တကက ဇော်ဝင်းထွန်း ပါ ၂ ဦးတို့ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါနေအိမ်ရှေ့ ၁၃၉(အေ)လမ်းပေါ်တွင် ယာဉ်မောင်း ကိုစည်သူ(၂၈)နှစ် ဗမာ/ဗုဒ္ဓ (ဖ)ဦးတင်စိုး သည် MDY 9C/8265 SURF အစိမ်းရောင်ယာဉ်ဖြင့် ရွှေဆိုင်သို့သွားရောက်ရန် ရွှေလက်စွပ် ၂၂၃ ကွင်း၊ ကျောက်နားကပ် ၁၉၉ ခု၊ ရွှေနားကပ် ၁၅၇ ရံ၊ ရွှေဆွဲသီး ၁၀၅ ခု၊ ကျောက်ဆွဲသီး ၂၇ ခု၊ ရွှေဆွဲကြိုး ၈၉ ကုံး၊ ရွှေကြိုးဆန်း ၁၆ ခု၊ ရွှေနားကွင်း  ၄၇ ကွင်း၊ ရွှေနားဆွဲ ၁၃၈ ခု၊ တစ်ဖက်နားကပ် ၁၂၄ ခု၊ လက်ကောက် ၆၁ ကွင်း၊ ဟန်းချိန်း ၃၂ ကွင်း၊ ကလစ် ၃၉ ခု၊ ဖီးချူး ၂ ခု၊ ကျောက်လက်စွပ် ၁၁၆ ခု၊ စုစုပေါင်းရွှေအလေးချိန် ၁ ပိသာခန့်(တန်ဖိုးသိန်း ၂၆၀၀ ကျပ်ခန့်)ပါ ဆွဲခြင်း ၃ ခြင်းနှင့် ငွေစက္ကူရောရာ ၁၀၁ သိန်းကျပ်ခန့်၊ စုစုပေါင်းတန်ဖိုး ၂၇၀၁ သိန်းကျပ်ခန့်တို့အား ကားပေါ်တင်နေစဉ် ၁၃၉(အေ)လမ်းအတိုင်း အနောက်မှအရှေ့သို့မောင်းနှင်လာသည့် အမျိုးအစား (စိစစ်ဆဲ) အနက်ရောင် 110 နံပတ်မပါဆိုင်ကယ် ၂ စီးဖြင့် အမျိုးသား ၃ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်အတို(စိစစ်ဆဲ)ဖြင့် ၅ ချက်ခန့်မိုးပေါ်ထောင်ပစ်ပြီး ရွှေထည်ပစ္စည်းများထည့်ထားသည့် ဆွဲခြင်း ၃ ခြင်းနှင့် ငွေများအားလုယူပြီး ၁၃၉(အေ)လမ်းအတိုင်း အနောက်မှအရှေ့သို့ ထွက်ပြေးသွားခဲ့၊ အခင်းဖြစ်နေရာမှ Auto 380 ၉ မမ ကျည်ခွံ ၂ ခု၊ Luger NRC ကျည်ခွံ ၃ ခုတို့အား တွေ့ရှိသိမ်းဆည်း ရရှိခဲ့၊ အဆိုပါနေအိမ်တွင် နေ့စားအလုပ်သမား ၂၄ ဦး(ကျား ၁၁၊ မ ၁၃)ရှိကြောင်း၊ CCTV ၆ လုံးတပ်ဆင် ထားသော်လည်း နေအိမ်ပြုပြင်နေဆဲဖြစ်သောကြောင့် မီးကြိုးများဖြုတ်ထား သဖြင့် CCTV မှတ်တမ်း မရရှိကြောင်းနှင့် တရားခံများအားဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိကြောင်း သိရ။

Total Views ~ 417

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67156

© 2022 - 2026 News. All Rights Reserved.