Breaking

မန်းရွှေစက်တော်ဘုရားပွဲတော် ၂၀၂၃ ဇန်နဝါရီ ၂၅တွင် ကျင်းပမည်


၂၀၂၂ ၊ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တပို့တွဲလဆန်း ၅ ရက်) မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။


မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးသို့ ဘုရားဖူးလာရောက်ကြမည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံး ၁၀၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၅၀၀ ကျော် ဆောက်လုပ် ပေး သွားမည်ဖြစ်ကြောင်း၊ ရပ်ဝေး/ရပ်နီးမှ ဘုရားဖူးလာရောက်ကြမည့် ရဟန်းရှင်လူ မိဘပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တည်းခိုဆောင်များ၌ စနစ်တကျ ညအိပ်တည်းခို နားနေခွင့်ပြုမည် ဖြစ်ကြောင်းနှင့် ဘုရားဖူးလာရောက်ကြသူများအား လုံခြုံရေးအစီအမံများကို စနစ်တကျ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



လက်ရှိအချိန်တွင် ဘုရားပွဲတော်ကျင်းပမည့်နေရာများ၊ တည်းခိုဆောင်နှင့် ဆိုင်ခန်းနေရာများ ဆောက်လုပ်ရန် နေရာသတ်မှတ်ခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး မန်းရွှေစက်တော် အောက်စက်တော်ရာ (ခြေတော်ရာ) အား ဘုရားဖူးလာရောက်ကြသူများ အဆင်မြေချောမွေ့စွာ သွားရောက်ဖူးမြော်နိုင်စေရန်အတွက် မန်းချောင်း တံတားကို ဘေလီသံပေါင်တံတားအဖြစ် အမှတ် (၉၆၇) ဆောက်လုပ်ရေးတပ်ခွဲ၊ အင်ဂျင်နီယာတပ်မှ ဘုရားပွဲတော် ဖွင့်ပွဲမတိုင်မီ အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 479

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61517

© 2022 - 2026 News. All Rights Reserved.