မြန်မာ-ထိုင်း တပ်မတော်နှစ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်း အဝေး(8th HLC) သို တက်ရောက်ရန်အတွက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင် သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ မြန်မာနိုင်ငံသို ရောက်ရှိ

၂၀၂၃ ၊ ဇန်နဝါရီလ ၁၉  

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level CommitteeMeeting သို တက်ရောက်ရန်အတွက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်GeneralChalermphon Srisawasdi ဦးဆောင်သည့် ထိုင်းဘုရင့်တပ် မတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် ယနေ့ (ဇန်နဝါရီ ၁၉) နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မ တော် အထူး လေယာဉ်ဖြင့် ရခိုင် ပြည်နယ်၊ သံတွဲလေဆိပ်သို ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းဘုရင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲအား ညှိနှိင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော်စစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲသည် မြန်မာနိုင်ငံသို ရောက်ရှိနေစဉ်အတွင်း 8th High Level CommitteeMeeting သို တက် ရောက်ခြင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခြင်း၊ တန်ခိုးကြီးဘုရားများအား ဖူးမြော်ခြင်းနှင့် အထင် ကရနေရာများသို သွားရောက်လေ့လာခြင်းများကိုဆောင် ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Total Views ~ 359

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60635

© 2022 - 2026 News. All Rights Reserved.