Breaking

ရနောင်းတွင် မြန်မာလုပ်သားများပါသည့် ဘုရားဖူးယာဉ် တိမ်းမှောက်

၂၀၂၂ ဒီဇင်ဘာ၂၉

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ထဲတွင် နေထိုင်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမား ၃၈ ဦးသည် ချွန်ဖော်ခရိုင်ထဲသို ဘုရားဖူးသွားကြစဉ် ယာဉ်တိမ်းမှောက်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းတွင် ချွန်ဖော်ခရိုင်အတွင်းရှိ ဘုန်းကြီး ကျောင်းသို ဘုရားဖူးပြီးအပြန် ရနောင်းမြိုအုပ်စု (၁) ဘန်နောင်းကျေးရွာ ဖေ့ချကစင်လမ်းမကြီးပေါ်၌ ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


ရနောင်းမြိုမှ မိတ္တသဟာရအလုပ်သမားရေး ကူညီဆောင်ရွက်ရေးအဖွဲမှ ကိုသားကျော်က “ချွန်ဖော်မှာ ဘုရားဖူးသွားရင်းနဲ့ ကားဘီးပေါက်ပြီး မှောက်တာ လူ ကြီး ၃၀၊ ကလေး ၈ ယောက် ပါသွားတယ်။ သေဆုံးတာတော့ မရှိဘူး။ ဒဏ်ရာတွေရလို ဆေးရုံပိုထားရတယ်။ မောင်းတာတော့ ထိုင်းနိုင်ငံသား ကားသမားပါ” ဟု ပြော သည်။

Total Views ~ 476

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63876

© 2022 - 2026 News. All Rights Reserved.