Breaking

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း၌ သေဆုံးနေသည့် အမျိုးသားအလောင်း ၁၃လောင်းတွေ့ရှိ

၂၀၂၂၊ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ဘားလား ကျေးရွာအုပ်စု၊ငွေနံ့သာကျေးရွာမှ အမှတ် ၇ လမ်းမကြီးသို့ ဆက်သွယ်ထားသော ကားလမ်းဘေး၌ သေဆုံးနေသည့် အမျိုးသားအလောင်း ၁၃လောင်းကို ယနေ့နံနက် ၇နာရီခန့်တွင် တွေ့ရှိရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပို့ချက်အရ ရရှိသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပို့ချက်အရ နယ်မြေခံ လုံခြုံတေပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ရေများစိုနေပြီး လက်ဖျားများ နူးပွနေသည့် အမျိုးသားအလောင်း ၁၃လောင်းကို တွေ့ရှိရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သည့် စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
အထက်ပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဖြစ်စဥ်မှန်ပေါ်ပေါက်ရေး သေမှုသေခင်းဖွင့်လှစ်ကာ လိုအပ်သည်များဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Total Views ~ 493

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63862

© 2022 - 2026 News. All Rights Reserved.