ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ကုန်တင်ယာဉ်အား Toyota ကားက နောက်မှဝင်တိုက်မှု ကျား ၂ ဦးသေဆုံး

၂၀၂၃ ၊ ဇန်နဝါရီ ၂၁

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၀/၅)နှင့် (၃၀/၆)ကြားတွင် ယနေ့ (ဇန်နဝါရီ ၂၁) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က Toyota Succeed ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ကုန်တင်ယာဉ်အား နောက်မှ၀င် ယာဉ်တိုက်မှုကြောင့် Toyota  ယာဉ်ပေါ်ပါ ကျား(၂)ဦးသေ ဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ယာဉ်တိုက်မှုသတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် Toyota ယာဉ်ပေါ်ပါ ကျား(၂)ဦး သေ ဆုံးတိုအား စစ်ပင်ဆိပ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို ကူညီပို ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Total Views ~ 441

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

63912

© 2022 - 2026 News. All Rights Reserved.