Breaking

၂ နှစ်ခန့် ကျင်းပနိုင်ခြင်းမရှိခဲ့သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လာမည့်နှစ်သစ်တွင် ပြန်လည်ကျင်းပမည်

လဟယ်၊၂၀၂၂ ဒီဇင်ဘာ၁၂
ကိုဗစ်ရောဂါကြောင့် ၂ နှစ်ဆက်တိုက် ကျင်းပနိုင်ခြင်းမရှိခဲ့သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၁၅) ရက်နေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်လည်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ရန်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက ပွဲတော်ကျင်းပရေးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီတို့ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များတွင် အလှည့်ကျစနစ်ဖြင့် ကျင်းပလေ့ရှိကြောင်း သိရသည်။

Total Views ~ 471

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61519

© 2022 - 2026 News. All Rights Reserved.