၂ဝ၂၂ ခုနှစ်၊တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲဆုရရှိသူများအား နစက ဥက္ကဋ္ဌ မှဆုများပေးအပ်ချီးမြှင့်

  ၂၀၂၂၊နိုဝင်ဘာ ၂၅





  နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၅ ရက်ညနေပိုင်းက နေပြည်တော်၊ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၂၀၂၂ ခုနှစ် (၅၉)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ရေလေ)ဘောလုံးပြိုင်ပွဲ(က)အဆင့် ဗိုလ် လုပွဲအဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းနှင့်ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့ ယှဉ်ပြိုင် ကစားမှုအား ကြည့်ရှုအားပေးခဲ့သည်။
    ဗိုလ်လုပွဲ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။
    ထို့နောက် နစက ဥက္ကဋ္ဌက ၂၀၂၂ ခုနှစ်၊တပ်မ တော်(ကြည်းရေ၊လေ)အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၅၀ ခု၊ ငွေတံဆိပ် ၃၅ ခု၊ ကြေးတံဆိပ် ၃၇ ခု(စုစုပေါင်း ဆုတံဆိပ် ၁၂၂ ခု)ဖြင့်အများဆုံးရရှိခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်းဆုကြီးကို ပေးအပ်ချီးမြှင့်ခဲ့သည်။
    ဆက်လက်၍ နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အားကစားပြိုင်ပွဲများ၏ (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အသင်းနှင့်(က) အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့အား တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ပထမဆုဖလား၊ဆင့်ပွားဆုဖ လားနှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့သည်။
    ထို့ပြင် တာဝန်ရှိ တပ်မတော်အရာရှိကြီးများကလည်း အားကစားပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Total Views ~ 667

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60617

© 2022 - 2026 News. All Rights Reserved.