မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော် နှင့် တွေ့ဆုံခြင်း
၂၀၂၆ ၊ အောက်တိုဘာ ၂၉
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် အထပ်မြင့် အဆောက်အအုံများတွင် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရယ်များနှင့်စပ်လျဉ်း၍ မည်သို့ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများနှင့် အထပ်မြင့် အဆောက်အအုံများတွင် မြေသားစမ်းသပ်မည့် နည်းပညာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ (Myanmar Earthquake Committee- MEC) ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်နှင့် တွေ့ဆုံ၍ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
TREND ။ ။ အထပ်မြင့် အဆောက်အအုံအတွက် မြေသားစမ်းသပ်တဲ့နည်းပညာသစ်ကို Emerald Bay စီမံကိန်းမှာ ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး ။
USHZ ။ ။ ဟုတ်ကဲ့။ Emerald Bay စီမံကိန်းမှာ စတင်လုပ်ဆောင်ဖြစ်ရတဲ့အကြောင်းကလည်း မန္တလေးငလျင်ကြီး ဖြစ်သွားပြီးတဲ့နောက်မှာ မြေအမျိုးအစားတွေက အရေးကြီးတယ်ဆိုတာကို အားလုံးက သုံးသပ်မိကြတယ်လေ။ မြေပျော့တဲ့နေရာတွေမှာ ထိခိုက်တာတွေ ပိုများတာတွေ့ရတော့ မြေကိုတိုင်း တာဖို့လိုတယ်။ အရင်တုန်း ကဆိုရင် စောစောကပြောခဲ့တဲ့ SPT Test နဲ့ပဲ ပြန် Interpret လုပ်ကြတာများတော့ တိကျမှုမှာ နည်းနည်း အားနည်းတယ်။ နောက်ပြီး Soil Test တိုင်းတဲ့အခါမှာလည်း အဖြေလေးတွေ ကွာတာလေးတွေရှိတယ်။ အဲဒါမျိုးတွေကို တိုက်ရိုက်တိုင်းတာပြီး တွက်ချက်နိုင်တဲ့နည်းလမ်းကို ရှာတဲ့အချိန်မှာ USA က Dr. Hubert Law ကနေ အကြံဉာဏ်ပေးတယ်။ ဒီ Downhole Test လေးနဲ့ လုပ်ရင်တော့ တိုက်ရိုက် Reliable ဖြစ်တဲ့ အချက်အလက်ကိုရမယ်ဆိုတာနဲ့ ဒီစက်ကို သူကနေအကူအညီပေးပြီး စီစဉ်ပေးတာနဲ့ စလုပ်ဖြစ်တာပါ။ စလုပ်တဲ့အချိန်မှာလည်း အခုလိုမျိုး Emerald Bay ဆိုရင် ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ Project စတာနဲ့ တူးထားပြီးသား Soil Test တွေရှိတယ်။ အဲဒီ Soil Test တွေနေရာမှာပဲ ကျင်းအဟောင်းတွေတူးတာ အသစ်တူးတာရောမှာ Downhole Test လုပ်ဖို့ စလုပ်ဖြစ်တယ်။ အရေအတွက်လည်း များပါတယ်။ ပထမတစ်ခေါက်တုန်းက ၁၃ ကျင်း၊ အခု ၁၂ ကျင်း၊ Emerald Bay မှာတင် ကျင်း ၂၀ ကျော် လုပ်ဖြစ်မယ်ပေါ့။ အဲဒါလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ပိုပြီး Confidence ရလာ တယ်။ Data တွေ Consistency ဖြစ်တာကိုလည်း တွေ့ရတယ်။ အရင် Soil test တိုင်းထားပြီးသား မြေအမျိုး အစားနဲ့ အခုလုပ်တဲ့ Test နဲ့ ကိုက်ညီမှုရှိ မရှိ ပြန်စစ်ဆေးနိုင်တာတွေလည်း လုပ်နိုင်ခဲ့တယ်။ အဲ့ဒါ လေးတွေကတော်တော်အကျိုးရှိသွားပါတယ်။ ဒီနည်းပညာက အထပ်မြင့်အဆောက်အအုံမှာ ပထမဦးဆုံး အနေနဲ့ Emerald Bay စီမံကိန်းမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။
TREND ။ ။ အထပ်မြင့်အဆောက်အအုံမှာ Emerald Bay က ပထမဦးဆုံး လုပ်ဆောင်မှုလို့ ပြောလို့ရတာပေါ့။
USHZ ။ ။ ဟုတ်ပါတယ်။ စက်က မြန်မာပြည်မှာ သုံးလုံးလောက်ပဲရှိတာဆိုတော့ ကျန်တဲ့အဖွဲ့တွေဆီမှာ ရှိမှန်းလည်း တကယ်တော့မသိခဲ့ဘူး။ သိရင်လည်း ဒီလိုမျိုး စဖြစ်မှာမဟုတ်ဘူး။ အခုကျတော့ အကျိုးကျေးဇူး ကိုသိတော့ ပိုပြီး Promote လုပ်ဖြစ်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ရှင်းပြပြီး အရေးကြီးကြောင်း ပြောဖြစ်တယ်။ Emerald Bay တို့မှာ စလုပ်ဖြစ်တော့ ထွက်လာတဲ့ဟာကိုလည်း တော် တော်လေးအားရပါတယ်။ အကျိုးလည်းများတယ်လို့မြင်ပါတယ်။ အမှန်က Downhole Testကနေ ပိုပြီးခိုင်မာ တဲ့ အချက်အလက်တွေရလာတဲ့အခါ အဆောက်အအုံတွေ ဆောက်တဲ့အခါ Safety နဲ့ Cost ကိုကြည့်ရတယ်။ မသေချာရင် Safety အတွက် ပိုတွေးပြီး ပိုဆောက်ရတော့ Cost တက်တယ်။ တိတိကျကျသိလာရင်တော့ ကုန်ကျစရိတ်သက်သာပြီး Safety လည်း ပိုစိတ်ချရတာပေါ့။ အဆောက်အအုံတွေလည်း ပိုခိုင်ခံ့လာမယ်၊ ကုန်ကျစရိတ်တွေလည်း လျော့သွားမယ်။
TREND ။ ။ မြန်မာနိုင်ငံ ငလျင်ကော်မတီအနေနဲ့ရှေ့ဆက်ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များနဲ့ ဆောင်ရွက်ချက်တွေကိုလည်း ပြောပြပေးပါဦး။
USHZ ။ ။ မန္တလေးငလျင်ကြီး လှုပ်သွားပြီးတဲ့အချိန်ကစပြီးတော့ အဆောက်အအုံတွေ ထိခိုက်ပုံတွေ၊ နောက်ပြီးတော့ ဘယ်အဆောက်အအုံတွေကတော့ ပြန်သုံးလို့ရတယ်၊ ဘယ်အဆောက်အအုံတွေကတော့ ပြင်ဆင်ရမယ်ဆိုတာ ခွဲခြားပေးတဲ့ဟာလေးတွေ လုပ်တယ်။ နောက်ပြီးတော့ အဲဒီအဆောက်အ အုံတွေ ပြန်ပြင်တဲ့အချိန်မှာလည်း ဘယ်လိုပြင်ရမလဲဆိုတဲ့ဟာ ကို ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြတယ်။ ပြီးခဲ့တဲ့နှစ် နှစ်တစ်နှစ်လုံးကတော့ မန္တလေးငလျင်ရဲ့ တုံ့ပြန်မှုနဲ့ ပြန်လည်ထူထောင်မှုတွေမှာပဲ အလုပ်လုပ်ခဲ့ကြတာပေါ့။ ဆို ဒီနှစ်ကတော့ ကျွန်တော်တို့က ဘာလုပ်ဖြစ်လဲဆိုတော့ မန္တလေးငလျင် လှုပ်ပြီးသွားတဲ့အချိန်မှာ ဒီ Fault line ရဲ့ Pressure က သူ့ရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်ကိုလည်း သူကဆက်ပြီးတော့ သက်ရောက်နေတာပါ။ ရန်ကုန်ကလည်း ကျွန်တော်တို့ ကိုယ်တိုင်လည်း နေနေတယ်။ လူဦးရေလည်း အများဆုံးပဲဖြစ်ပြီးတော့ အဆောက်အအုံတွေကလည်းမျိုးစုံ ခေတ်အဆက်ဆက်က ဆောက်ခဲ့ကြတာ။ ရန်ကုန်မြို့ရဲ့ အခြေအနေနဲ့ ပြောရလို့ရှိရင် ထိခိုက်နိုင်ခြေ အများဆုံးနေရာလို့ ပြောလို့ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေလည်းများသလို လူနေလည်း ထူထပ်တယ်။ အဆောက်အအုံများတယ်။ ရန်ကုန် အခြေအနေက ဘယ်လိုရှိလဲဆိုတဲ့ဟာလေးလည်း ကျွန်တော်တို့က ဒီနှစ်မှာတော့ စပြီးတော့ ပြန်ဆန်း စစ်ဖြစ်တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလလောက်မှာ ဖိုရမ်လေးတစ်ခုလုပ်တယ်။ Earthcare Forum ဆိုပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနရယ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ရယ်၊ ကုမ္ပဏီရယ်ပေါင်းပြီး လုပ်ဖြစ်တယ်။ လုပ်ဖြစ်တဲ့အချိန်မှာ ဆွေးနွေးတဲ့အထဲ ရန်ကုန်ကိုရော ဘာလုပ်သင့်လဲဆိုတာကို ထည့်သွင်းဆွေးနွေးခဲ့တယ်။ အခု ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ (YCDC)နဲ့ ကျွန်တော်တို့က Joint Project လေးတစ်ခု စလုပ်ဖြစ်တယ်။ ရန်ကုန်မြို့တွင်း သုံးမြို့နယ်ဖြစ်တဲ့ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်တွေမှာ အရေးပေါ်အခြေအနေမှာ တုံ့ပြန် နိုင်မယ့်တုံ့ပြန်နိုင်စွမ်းကို ဆန်းစစ်လေ့လာတဲ့ စီမံချက်လေး ကျွန်တော်တို့ စလုပ်ဖြစ်ပါတယ်။
TREND ။ ။ ဒီစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘယ်မြို့နယ်တွေမှာ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါသလဲ။
USHZ ။ ။ ဒီစီမံချက်က အမှန်တော့ ကျွန်တော်တို့က ရန်ကုန်တစ်မြို့လုံးမှာ လုပ်ချင်တာပါ။ Pilot Project ဖြစ်တဲ့အခါကျတော့ ဒီလုပ်ငန်းရဲ့အတိုင်းအတာနဲ့ ကျွန်တော်တို့မှာ ရှိနေတဲ့ အင်အားနဲ့ ချိန်ဆပြီး ပူးပေါင်းပါဝင်နိုင်မယ့် အဖွဲ့အစည်းတွေဟာရော ဘယ်လိုရှိလဲဆိုတဲ့ဟာလေး စမ်းသပ်တဲ့ ပုံစံမျိုးပေါ့။ ရှေ့ပြေး စီမံချက်လေးကနေပြီး ရလာတဲ့အတွေ့အကြုံနဲ့ ကုန်ကျစရိတ်ကို ချိန်ဆပြီးတော့မှ ဆက်ပြီး တော့ ချဲ့သွားမယ်ပေါ့လေ။ အကြမ်းဖျင်းမှန်းတာတော့ ဒီနှစ်ကုန် ဒီရှေ့နှစ်ဆန်းလောက်မှာတော့ ကျွန် တော်တို့ မြို့တွင်းခြောက်မြို့ နယ်လောက်ကို Cover ဖြစ်အောင်လို့ လုပ်ဆောင်သွားမယ်လို့ ရည်မှန်း ထားပါတယ်။
TREND ။ ။ သဘာဝဘေးအန္တရာယ်ဖြစ်လာလို့ရှိရင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုမျိုးအကြံပြုချင်ပါသလဲ။
USHZ ။ ။ သဘာဝဘေးအန္တရာယ်ဆိုတာက အမျိုးမျိုးရှိပါတယ်။ ဗမာလိုဆိုရင်တော့ ဓာတ်ကြီးလေးပါးပေါ့နော်။ ဓာတ်ကြီးလေးပါးက ရေရယ်၊ မြေရယ်၊ လေရယ်၊ မီးရယ်လေ။ ဆိုတော့ ဒီလေးမျိုး လုံးက သူ့ဟာနဲ့သူ ပုံမှန်အတိုင်းဆိုရင်တော့ Balance ဖြစ်နေတာပေါ့၊ အဲဒီဟာကနေမှ ဖောက်ပြန်တဲ့ အချိန်မှာ ပြင်းထန်တဲ့ဟာတွေလာရင်မြေဆိုလို့ရှိရင် ကျွန်တော်တို့ ငလျင်ရှိမယ်၊ မြေပြိုတာတွေရှိမယ်။ လေဆိုလို့ရှိရင်လည်း မုန်တိုင်းတွေ လေဆင်နှာမောင်းတွေ ရှိမယ်။ အဲလိုမျိုးပဲ ရေဆိုလို့ရှိရင်လည်း ဒီမိုးရွာတဲ့ဟာတွေ ရှိမယ်။ မီးကတော့ အားလုံးသိတဲ့အတိုင်းပဲ စူပါအယ်လ်နီညိုဆိုတဲ့ဟာကလည်း မီးလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒီနှစ်ကိုယ်တိုင်က အဲဒီအပူဒဏ်လည်း ဒီနွေရာသီမှာ အရမ်းပြင်းထန် မယ်လို့ မှန်းဆပြီးတော့ ပြောကြတာတွေရှိ တယ်လေ။ ဖြစ်လည်းဖြစ်လာမှာဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ဒီဘေးအန္တရာယ်ကတော့ အမျိုးမျိုးရှိတယ်။ အခုအချိန်မှာ ရန်ကုန်မှာ စပြီးတော့ အဲဒီတုံ့ပြန်နိုင်စွမ်းကို လေ့လာတဲ့အချိန်မှာ ဒီဟာတွေအ ကုန်လုံး အကျုံးဝင်ပါတယ်။ ငလျင်တစ်ခုတည်းမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရေကြီးလာရင်လည်း စောစောကလိုပဲ ဘေးကင်းလုံခြုံတဲ့နေရာ တွေ လိုအပ်ပါတယ်။ နောက်ပြီးတော့ အဲဒီနေရာတွေကလည်း ဒီဘေးကင်းလုံခြုံတဲ့ နေရာအဖြစ်သုံးလို့ရအောင် အခြေအနေရှိရဲ့လား၊ လုံလောက်ရဲ့လားဆိုတော့ ဆန်းစစ်ဖို့လိုအပ်ပါတယ်။ အမြဲတမ်းပဲဆွေး နွေးဖြစ်တာကတော့ Shelter လို့ သတ်မှတ်ထားတဲ့အကြောင်းပါ။ Shelter ကိုယ်တိုင်က ပြိုကျသွား လို့ရှိရင် ပိုဆိုးတယ်လေ။ အဲဒါတွေကို Shelter လို့ သတ်မှတ်နိုင်တဲ့အဆင့်ရှိလား။ အသစ်ဆောက်တယ် ဆိုလို့ရှိ ရင်လည်း ဘေးအန္တရာယ်တွေကို တကယ်ကြီးကြီးမားမားလာတဲ့အချိန်မှာ ခံနိုင်ရည်ရှိမှာ ဖြစ်မှာပါ။ အဲဒါက အဓိကဦးစားပေးဆိုတော့ ခိုင်ခံ့မှုအတွက်ကို ကျွန်တော်တို့က ဦးစားပေးပြီးတော့ စမ်းသပ်ဖို့လိုပါတယ်။ အဲဒါမျိုး သူ့ကိုခံနိုင်ပြီဆိုတော့မှ သူ့မှာလည်း လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ရမှာပါ။ ဒီအဆောက်အအုံအနေနဲ့ လုပ်ဆောင်ရုံ တစ်ခုတည်းတင်မဟုတ်ဘဲနဲ့ လူတွေနေတယ်ဆိုလို့ရှိရင် သူ့မှာအသုံးအဆောင် တွေရှိလာမယ်။ အိမ်သာတွေ၊ ရေတွေ လိုအပ်လာမယ်၊ နောက်ပြီးတော့ ချက်ပြုတ်စားသောက်တဲ့ နေရာတွေပါ လိုလာမယ်။ အဲဒါမျိုးတွေအ တွက်ရော ကျွန်တော်တို့က ပြင်ဆင်ထားဖို့တွေ လိုအပ်ပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။
USHZ ။ ။ သဘာဝဘေးအန္တရာယ်လျော့ပါး ရေးအတွက်ကတော့ ကျွန်တော်တို့ကော်မတီရဲ့ လုပ်ငန်းစဉ်ကိုက သုတေသနတွေ လုပ်တယ်။ အဲဒါအပြင် လုပ်ငန်းစဉ်မှာကိုက အသိပညာပေး အစီအစဉ်တွေက အမြဲတမ်းပါပါတယ်။ လေ့လာပြီးတော့ အသိကိုရှာ၊ ရလာတဲ့ အသိကနေပြီးတော့လည်း အခြားသူတွေ အသုံးဝင်မယ့် အသိပညာကို ပြန်ပြီးတော့ ဖြန့်ဝေရလေ့ ရှိပါတယ်။ မန္တလေးငလျင်ဆိုလို့ရှိရင် ကြုံလိုက်ရတဲ့အချိန်မှာ အဆိုးထဲကနေပြီးတော့ အကောင်းတွေ ဘာတွေရလဲဆိုတော့ အတွေ့အကြုံပေါ့။ ဒီဟာကို ဘယ်သူကမှ သေချာပြန် ပြီးတော့ ဆန်းစစ်တာတွေ မလုပ်နိုင်ခဲ့ဘူး။ အခုလက်ရှိမှာတော့ နည်းနည်းအချိန်ရလာပါပြီ။ ဒီအချိန်မှာ တုံ့ပြန်နိုင်တဲ့အချိန်မှာ မှန်တာတွေ၊ မှားတာတွေရှိတယ်။ နောက်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေမှာ ဆိုလို့ရှိရင်လည်း အားနည်းခဲ့တာတွေ အများကြီးတွေ့ရတယ်။ အဲဒါတွေက အဆိုးထဲကအကောင်းအနေနဲ့ သင်ခန်းစာ ကောင်းကောင်းယူလို့ရတယ်။ အဆောက်အအုံတွေဆို လို့ရှိရင်လည်း အဆောက်အအုံ အမျိုးအစားအလိုက် အားသာချက်၊ အားနည်းချက်လေးတွေ ရှိတယ်။ အဲဒီထဲကနေမှ အားနည်းချက်လေးတွေ တွေ့တာဆိုလို့ ရှိရင်လည်း ဘယ်လို ပြင်ဆင်နိုင်လဲဆိုတဲ့ အရာလေးတွေ စပြီးတော့ ဒီအဆောက်အအုံ အမျိုးအစားခွဲတာတွေ စတဲ့အခြေခံ အချက်လေးတွေကအစ စကောက်နေတယ်။ စကောက်ပြီးရင်တော့ ဒီလူအားလေးနဲ့ တင်လုပ်ရင် အချိန်လည်း ကြာနေမယ်၊ နောက်ပြီးတော့ ပျံ့နှံ့မှုလည်းနည်းမယ်ဆိုတော့ ကျောင်းတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ကျေးsဇူးတင်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )