ကျောင်းခေါင်းလောင်းသံ၏ အဝေးမှ လောင်းရိပ်အောက်က ပန်းကလေးများ

၂၀၂၆ ၊ မေ ၃၀
     ယခုရက်ပိုင်း ပြည်ဖျက်မီဒီယာများ လုပ်ကြံ ဖန်တီးထားသည့် သတင်းဓာတ်ပုံများကို ကြည့်ရှုပြီး အကြမ်းဖက်မှု စိုးမိုးထားသည့် ဒေသများမှ ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် စိတ်မကောင်းဖြစ်ဖွယ်ရာ အခြေအနေတစ်ခုကို တွေ့မြင်ခဲ့ရသည်။ ပျမ်းမျှအားဖြင့် အသက်(၆) နှစ်မှ (၁၁) အရွယ်အထိရှိသည့် ကျောင်းနေအရွယ် ကလေးသူငယ်များကို ကျင့်ဝတ်မညီသည့် သတင်းဓာတ်ပုံများအဖြစ် ဖန်တီးထားသည်။နိုင်ငံတော်၏ တည်ဆဲဥပဒေများအရ အကျဉ်းကျခံနေရပြီး အစိုးရ၏ သဘောထားကြီးမှုဖြင့် အပြစ်ဒဏ်ကျခံရာနေရာ ပြောင်းလဲခြင်း ခံထားရသူကို သက်ရှိထင်ရှား ရှိသေးကြောင်း သက်သေပြရန်ဟူသည့် ပြည်ဖျက် အကြမ်းဖက်သမားတို့၏ လှုပ်ရှားမှုကို ထောက်ခံအားပေးကြောင်း ပြသရန် လူမမယ်ကလေးငယ်များ တောင်းဆို နေသယောင် သတင်းဓာတ်ပုံများအဖြစ် ဖန်တီးကာ ပြည်ဖျက်မီဒီယာများက သတင်းထုတ်ပြန်ခဲ့ကြသည်။
    ကျောင်းနေအရွယ် ကလေးသူငယ်များသည်  စာသင်ခန်းအတွင်းသို့ ဝင်ရောက်ရန် ခြေလှမ်းပြင်နေရမည့်အစား ၎င်းင်းတို့၏ အတွေ့အကြုံ ဉာဏ်ရည်ဉာဏ်သွေးအရ မသိရှိနိုင်သော အကြမ်းဖက်လုပ်ရပ်အားပေး သည့် အခြေအနေများတွင် ပါဝင်နေရသည်ကို နိုင်ငံတကာမှ ကလေးသူငယ်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက အဘယ်ကြောင့် နှုတ်ဆိတ်နေရသည်ကိုလည်း မေးခွန်းထုတ်လိုသည်။ အကြမ်းဖက်သမားများ အားကောင်းရာနေရာရှိ ကလေးသူငယ်များသည် ကာလရှည် ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည်။ ထို့သို့ ပညာသင်ကြားခွင့် မရသည့်အပြင် အရွယ်နှင့်မမျှသော အကြမ်းဖက် လမ်းစဉ် ဝါဒမှိုင်းများ၊ နိုင်ငံရေး အသိမှား၊ အမြင်မှား များကို နေ့စဉ် မြင်တွေ့ကြားသိခွင့်ရနေခြင်းက ယင်းတို့ နေထိုင်ရာ အရပ်ဒေသ၏ အနာဂတ် ရင်လေးဖွယ်ရာ ဖြစ်သည်။ နယ်မြေဒေသ တည်ငြိမ်မှု မရှိစေရန် လူကြီးမိဘများ ကိုယ်တိုင်က ဖန်တီးပြီးနောက် မိမိတို့၏ မျိုးဆက်များကိုပါ ပညာမဲ့ အရိုင်းအစိုင်း မျိုးဆက်များအဖြစ် လက်ဆင့်ကမ်းနေကြခြင်းပင် ဖြစ်သည်။
    အထက်ပါ အကြောင်းအရာများ၏ ကနဦး မူလအစကလည်း ၂၀၂၀ ရွေးကောက်ပွဲ မသမာမှုမှ စသည့် အကျိုးဆက်များပင်ဖြစ်သည်။ နိုင်ငံရေး အကျပ် အတည်းကို သတ္တိရှိရှိ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည့်အစား တိုင်းပြည်ကို အကြမ်းဖက်လက်နက်ကိုင် နည်းလမ်းများဖြင့် မတည်မငြိမ် ဖြစ်စေရန် ဖန်တီးခဲ့ကြသည်။တိုင်းပြည်၏ ဒီမိုကရေစီခရီးလမ်းကို နည်းမှန်လမ်းမှန်ဖြင့် မပါဝင်လိုကြသဖြင့် မဲမသမာမှုကို ပြုခဲ့ကြသည့် လုပ်ရပ် ပေါ်ပေါက်လာချိန်တွင် မင်းသား မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်ရန် အကြံဖြင့် ရည်ရွယ်ချက်ရှိရှိ ယုတ်မာခဲ့ကြသည်။ အဆိုးရွားဆုံးလုပ်ရပ်က ကျောင်းနေအရွယ် ကလေးသူငယ်များ၏ ပညာသင်ကြားရေး အခွင့်အလမ်းကို ပိတ်ပင်ခဲ့ကြသည်။ နိုင်ငံရေးနှင့် သက်ဆိုင်ခြင်း အလျဉ်းမရှိသော ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး ကဏ္ဍအသီးသီးကို ခြိမ်းခြောက် ဖိအားပေး အကျပ်ကိုင် ခဲ့ကြသည်။ ပညာရေး၊ ကျန်းမာရေး နယ်ပယ်အသီးသီးမှ တာဝန်ထမ်းဆောင်ကြသော နိုင်ငံ့ဝန်ထမ်းများကို အဓိကပစ်မှတ်ထားကာ သစ္စာမဲ့ဝန်ထမ်းများအဖြစ် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်စေခဲ့သည်။ ကျောင်းနေအရွယ် ကလေးငယ်များ ပညာသင်ကြားမှု နှောင့်နှေးစေရန် မည်သူပြန်လာမှ ကျောင်း တက်မယ်} ဟူသော အဓိပ္ပာယ် မဲ့ တိုက်တွန်းချက်များဖြင့် ပညာရေးကဏ္ဍကို အကြမ်းဖက်နည်းလမ်းများဖြင့် ဟန့်တားခဲ့ကြသည်။ ဤနည်း လမ်းသည် မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးပြကြီးများတွင် ထိရောက်မှု မရှိသော်လည်း အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးခဲ့ကြသည့် အညာဒေသနှင့် ကျေးလက်ဒေသများတွင် ကြီးစိုးခဲ့ပြီး ကျောင်းနေအရွယ် ကလေးသူငယ်ပေါင်းများစွာ၏ ပညာသင်ကြားရေး အခွင့်အလမ်းများကို ထိခိုက်စေခဲ့သည်။ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု မရှိသည့် အစိုးရ၏ အာဏာသက် ရောက်မှု အားနည်းသော ဒေသများရှိ ကလေးသူငယ် များ၏ ပညာသင်ကြားရေး အခွင့်အလမ်းက ငါးနှစ်ကျော်အချိန်အထိ နှောင့်နှေးကြန့်ကြာနေရသည်။ ထို့အ ပြင် တိုင်းရင်းသား လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ၏ နယ်မြေချဲ့ထွင်ရေး စစ်ပွဲများကြောင့် တိုင်းရင်းသားဒေသရှိ ကလေးသူငယ်များ၏ ပညာသင်ကြားရေး အခွင့်အလမ်းများသည် ထပ်တူ ဆုံးရှုံးခဲ့ရသည်။ ထို့ ကြောင့်လည်း တပ်မတော်က နယ်မြေစိုးမိုးမှု ပြန်လည်ရယူချိန်တွင် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးနှင့် ပြည်သူလူထု၏  ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရေးကို အဓိကထားကာ အစိုးရက စီမံဆောင်ရွက်ပေးခြင်းဖြစ်သည်။
    မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို နိုင်ငံ တော်သမ္မတကြီး ဦးမင်းအောင်လှိုင်က အများပြည်သူ သိရှိစေရန် ပြောဆိုချက်ကို ဖော်ပြရလျှင် ]]မိမိတို့နိုင်ငံ၏ပညာရေးကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုပါက လွတ်လပ်ရေး မရမီကာလနှင့် လွတ်လပ်ရေးရရှိပြီး နောက် ပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီး ကြည့်နိုင်ကြောင်း၊ လွတ်လပ်ရေး မဆုံးရှုံးမီကာလက စနစ်တကျ သင်ကြားသည့် ပညာရေးစနစ် အားနည်းခဲ့ကြောင်း၊ ထိုအချိန်တွင် အခြားနိုင်ငံများ၌ စနစ်တကျဖြင့် သင်ကြားသည့် ပညာရေးစနစ်ကို ကျင့်သုံးနေကြပြီ ဖြစ်ကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးပြီးချိန် နောက်ပိုင်းတွင်လည်း လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းနေရသဖြင့် ပညာသင်ကြားမှုများ အားနည်းချက်ရှိခဲ့ကြောင်း၊ အလားတူ လွတ်လပ်ရေးရရှိပြီး အချိန်တွင် လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုနှင့် တိုင်းရင်း သားရေး ပြဿနာများကြောင့် ပြည်သူများ ပညာသင်ကြားရေးအတွက် အခက်အခဲများရှိခဲ့သဖြင့် လျှောက်ထားသူသည် မိမိနောက်ဆုံး တက်ရောက်ခဲ့သည့် ကျောင်းမှ နောက်ဆုံးအောင်မြင်ခဲ့သည့် အတန်းအတွက် ကျောင်းထောက်ခံချက် (မူရင်း) သို့မဟုတ် မိတ္တူ (မှန်) ပူးတွဲတင်ပြရမည်။ ကျောင်းထောက်ခံချက် (မူရင်း) သို့မဟုတ် မိတ္တူ(မှန်) တင်ပြနိုင်ခြင်း မရှိပါက အရေးပေါ် အခြေအနေ ကြေညာထားသော မြို့နယ်အတွင်းရှိ ကျောင်းတွင်တက်ရောက်ခဲ့သည့် ကျောင်းသားဖြစ် ကြောင်း အထောက်အထား၊ (အရေးပေါ်အခြေအနေ ကြေညာထားသော မြို့နယ်မှ အမှန်တကယ် ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူး၏ ထောက်ခံချက်) ပူးတွဲတင်ပြရမည်ဟု ထုတ်ပြန်ထားသည်။                    
    အထက်ပါ နိုင်ငံတော်အစိုးရ၏ ကျောင်းနေ အရွယ်ကလေးသူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန် စီမံဆောင်ရွက်ပေးမှုအပေါ် ပညာရေးနစ်နာခဲ့ရသည့် ကျောင်းသားကျောင်းသူများကိုယ်စား ကျေးဇူးတင်မိသည်။ ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်း ခြင်းမရှိဘဲ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရသည့် ကလေးသူငယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်း သူများ၏ နယ်မြေချဲ့ထွင်ရေးစစ်ပွဲ ဖန်တီးမှုများကြောင့် နေရပ်စွန့်ခွာပြီး ပညာရေးအဆက်ပြတ်နေသည့် ကလေးသူငယ်များအတွက် ၂၀၂၆-၂၇ ပညာသင်နှစ်မှ စတင်၍ ပညာရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေမည့် အစီအမံပင်ဖြစ်သည်။ ဤနေရာတွင် ပြည်သူအချို့ အချိန်ကာလတစ်ခုတွင် ကွာခြားသွားသော အခြေအနေများကို ဉာဏ်နှင့်ယှဉ်၍ သုံးသပ်ရတော့မည် ဖြစ်သည်။မိမိတို့၏ ကလေးသူငယ်များ၏ ပညာသင်ကြားရေး အခွင့်အလမ်းပေါင်းများစွာကို ၎င်းင်းတို့၏ နိုင်ငံရေးအတ္တ များဖြင့် တားဆီးခဲ့ကြသည့် ပြည်ပြေးလူတစ်စု၏ မိသားစု ဘဝများနှင့် ချိန်ထိုး စဉ်းစားကြည့်ရမည် ဖြစ်သည်။ပြည်ပြေးအများစုက ၎င်းင်းတို့၏ မျိုးဆက်များကို ပြည်ပ နိုင်ငံအသီးသီးတွင် အဆင်မြင့်ပညာများ ဆည်းပူးနိုင် ရေးအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားပေးနေကြ သည်။ ၎င်းင်းတို့၏ သားသမီးများ ပညာရေးနှောင့်နှေးခြင်း မရှိကြောင်းကိုလည်း ၎င်းင်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သိမြင်နိုင်မည်ဖြစ်သည်။
    သို့သော်လည်း ထိုသူတို့၏ သွေးထိုးမြှောက် ပင့်ပေးမှုဖြင့် အကြမ်းဖက်ဝါဒမှိုင်း တိုက်ခံရသည့် အညာဒေသတစ်ခွင်က ပညာသင်ကြားနိုင်သည့်အရွယ် ကလေးငယ်များသည် ၎င်းင်းတို့၏ မိဘအကြီးအကဲများ ကိုယ်တိုင် ဖန်တီးကြသည့် စစ်တလင်းများတွင် ပညာရေး အဆက် ပြတ်၍ ကြီးပြင်းလာခဲ့ကြသည်။ ပညာရေး အားနည်းကြသည့်အပြင် ထိုလူမမယ် ကလေးငယ်များကိုပြပြီး ငွေကြေး အထောက်အပံ့ မျှော်ကိုးလိုသူများက  အသုံးချနေကြသလို၊ ပြည်ဖျက်မီဒီယာများ လိုသလို ပုံ ဖော်ရန်အတွက်လည်း အသုံးချခံနေရသည်။ ထိုကလေးငယ်များသည် အနာဂတ်တွင် တိုင်းပြည်အတွက် မည် သည့်နေရာတွင် အသုံးဝင်မည်နည်းဟူသော မေးခွန်းကို ၎င်းင်းတို့၏ အနာဂတ်ဘဝများကို စနစ်တကျ ဝါဒမှိုင်းတိုက် ဖျက်ဆီးခဲ့ကြသူများကို သမိုင်းတွင် မေးခွန်းထုတ်ရမည် ဖြစ်သည်။ အကြမ်းဖက်အဖွဲ့များ၏ ယောင်ပြပညာရေး စနစ်များက အလုပ် မဖြစ်သလို အခြေခံပညာ ကျောင်း များကို စစ်စခန်းများသဖွယ် အသုံးချနေကြသည့်အကြမ်း ဖက်အဖွဲ့များ၏ လုပ်ရပ်များကလည်း ရွံရှာမုန်းတီးဖွယ် ရာပင် ဖြစ်သည်။
    ယခုရက်ပိုင်းတွင် ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းအသီးသီးသို့ သွားရောက် ပညာသင်ကြားရမည့် ကျောင်းနေအရွယ် ကလေးငယ် များ၏ ပညာရေးခြေလှမ်းသစ်များကို စိတ်ချမ်းမြေ့ဖွယ် မြင်တွေ့ရတော့မည် ဖြစ်သည်။ တိုင်းပြည်၏ အနာဂတ် ပညာတတ် လူသားအရင်းအမြစ်များ မွေးထုတ်ပေးမည့် ကျောင်းတော်ကြီးများသည် စာအံသံများဖြင့် နိုးကြားတက်ကြွလာတော့မည် ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ပညာရေး အဆက်ပြတ်နေကြသည့် ကျောင်းနေအရွယ် ကလေးငယ်များသည်လည်း အစိုးရ၏ အထူး အစီအစဉ်ဖြင့် အခြေခံပညာကျောင်းများသို့ ပြန်လည် ရောက်ရှိကာ ပညာသင်ကြားခွင့်များ ပြန်လည်ရရှိတော့ မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ပညာရေးကဏ္ဍမြှင့် တင်ပေးမှု အရှိန်အဟုန်အရ ကျောင်းနေအရွယ်က လေးငယ်တိုင်း လွယ်ကူသည့် ပညာသင်ကြားရေး အခွင့်အလမ်းများ ရရှိလာခြင်းက တိုင်းပြည်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်သည်။ တစ်ဖက်တွင်လည်း အကြမ်းဖက်မှုများ၏ အသုံးချခံ ကလေးသူငယ်များကို မြင်တွေ့နေရခြင်းကလည်း နိုင်ငံသားတစ်ယောက် အနေဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ပြီး အချို့သော ပန်းများက ကျောင်းတက်ခေါင်းလောင်သံကို မကြားနိုင်သော အကြမ်းဖက်မှု၏ လောင်းရိပ်အောက်တွင် ရှင်သန်ခွင့်အတွက် ရုန်းကန်နေရဆဲပင် ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 27

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62528

© 2022 - 2026 News. All Rights Reserved.