ရှမ်းတောင်၊ ရှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ပွင့်လာရန် နိုင်ငံရေးအင်အားစုများ မျှော်လင့်နေ

နေပြည်တော်၊ သြဂုတ် ၂၀
    ထိုင်းနှင့် တရုတ်တရားဝင် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ပွင့်လာလျှင် ရှမ်းပြည်(တောင်ပိုင်း)ရှိ ဒေသထွက်ကုန်များလည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)) ပါတီအတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်း က ပြောသည်။ 
    " ဒီနှစ်လသုံးလမှာ ရှမ်းတောင်မှာ ဘာထွက်လဲဆိုတော့ ထောပတ်သီးထွက်တယ်။ ပြည်တွင်းစားသုံးဖို့ ပိုလျှံတယ်။ ဈေးလည်း သိပ်မရဘူး။ တကယ်လို့ ထိုင်းနဲ့ တရုတ်ကို Export ပို့လို့ရပြီဆိုရင် တောင်သူတွေအများကြီး အဆင်ပြေသွားမယ်။ ကုန်ထုတ်လုပ်မှုအတွက် အကျိုးအမြတ် အများကြီး ရနိုင်တယ်။ လက်ရှိက တောင်သူတွေ အရင်းပြန်ရဖို့တောင် မလွယ်ဘူး။ အဲဒီလို အနေအထားတော့ ရှိတယ်။ ရှမ်းတောင်က ဒေသထွက်ကုန်တွေက တာချီလိတ်လမ်း ကြောင်းရှိတယ်။ မူဆယ်လမ်းကြောင်းရှိတယ်။ အခုတော့ မူဆယ်လမ်းကြောင်းက မရှိတော့ဘူး။ ထိုင်းဘက်ကလည်း တရားဝင် ကုန်သွယ်မှုက မရှိတော့ မှောင်ခိုလမ်းကြောင်းတွေက အဆင်မပြေဘူး။ နှစ်ဖက်အစိုးရ ညှိနှိုင်းပြီးတော့ပေးသင့်ပေးထိုက်တဲ့ အခွန်တွေ ပေးဆောင်ပြီး မှောင်ခိုလမ် ကြောင်းတွေကို ထိန်းချုပ်နိုင်ပြီဆိုရင် တောင်သူတွေအတွက် အကျိုးရှိတယ်။ တာချီလိတ်ကတစ်ဆင့် မယ်ဆိုင်လမ်းကြောင်း၊ နောက်တစ်ခုက ရွှေတြိဂံကို သွားတာ။ မူဆယ်လမ်းကြောင်းကျတော့ ရှမ်းမြောက်ကို ဖြတ်ရတယ်။ သီပေါ-လားရှိုးကိုဖြတ်ရတယ်။ ကုန်သွယ်မှုလမ်းကြောင်းနဲ့ ပတ်သက်ရင် တော့ ကျွန်တော်တို့ ရှမ်းတောင်မှာ တရုတ်ပြည်ကဝင်တဲ့ သွင်းကုန်တွေ ရှိတယ်။ လယ် ယာထုတ်ကုန်ပစ္စည်းတွေ အများကြီး အသုံးပြုနေတာရှိတယ်။ နောက်တစ်ခုက ဒေသထွက်ကုန်က တရုတ်နဲ့ ထိုင်းက မဝယ်ဘူး ဆိုရင် တောင်သူတွေက ဘယ်လိုမှ အဆင် မပြေဘူး။ ရှမ်းမြောက်က လမ်းကြောင်း ပြန်ပွင့်သွားရင် ရှမ်းတောင်က ထွက်တဲ့ ကုန်ပစ္စည်းလည်း တရုတ်ကို ပြန်ပို့လို့ရမယ်"ဟု ၎င်းင်းကပြောသည်။ 
    အလားတူ ရှမ်းပြည်(မြောက်ပိုင်း) ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်လာပါကလည်း ရှမ်းပြည်(တောင်ပိုင်း)၏ ပို့ကုန် သွင်းကုန် ကိစ္စများ အဆင်ပြေသွားနိုင်ကြောင်း စောခွန်ကျော်ဝင်းက ပြောသည်။ 
    ရှမ်းတောင်အတွက်လည်း အများကြီး အဆင်ပြေသွားနိုင်တယ်။ ပုံစံချင်းတော့ မတူဘူး။ ရခိုင်ဘက်ကတော့ ရေနံတို့၊ သဘာဝဓာတ်ငွေ့တို့၊ ရေထွက်ကုန်ပစ္စည်းတို့ရှိတယ်။ အနောက်ဥရောပနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေရှိတယ်။ ရှမ်းတောင်မှာကျတော့ တောင်သူနဲ့ပတ်သက်တဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ၊ လယ်ယာသုံးပစ္စည်း ဓာတ်မြေသြဇာတွေ အဲဒါတွေက အများကြီး ဆက်စပ်တယ်။ ရှမ်းမြောက်လမ်းကြောင်း ပြန်ပွင့်ရင်တော့ အများကြီး အဆင်ပြေတယ်}}ဟု ၎င်းင်း ကပြောသည်။ 
    ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်ရှိ သီပေါတံတားသည် ရှမ်းမြောက်၊ ရှမ်းတောင်၊ ရှမ်းအရှေ့နှင့် မန္တလေးမြို့တို့ကို ဆက်သွယ်သွားလာနိုင်သည့် အချက်အချာကျသော နေရာဖြစ်ကြောင်း သိရသည်။ 
    ယခုအခါ ရှမ်းပြည်နယ်အတွင်းရှိ EAOs များ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီ၍ ငြိမ်းချမ်းရေးဆွေးနွေးမှု စဉ်ဆက်မပြတ်ရှိလာပါက ရှမ်းမြောက်ဒေသ ကုန်စည်စီးဆင်းမှု ပြန်လည်စည်ကားလာနိုင်သလို BRI စီမံကိန်းလည်း အထမြောက်လာ နိုင်ကြောင်း သီပေါပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောသည်။ 
    " မြောက်ပိုင်းမှာ အဖွဲ့တွေက အစိုးရနဲ့ ငြိမ်းချမ်ရေး ဆွေးနွေးမှုတွေ တောက်လျှောက်လုပ်လာမယ်ဆိုရင် MNDAA / TNLA / UWSA  အဖွဲ့တွေက အဓိက Main  ကျတယ်။ အဲဒီအဖွဲ့တွေသာ မူဆယ် ၁၀၅ မိုင် သဘောတူညီချက်ရပြီဆိုရင် ကုန်စည်တွေက မြောက်ပိုင်းလမ်းက ဖြတ်သန်းပြီး ယခင်လို စည်စည်ကားကား ဖြစ်လာမှာပါ။ ကုန်သွယ်ရေးရှိမယ်၊ BRI စီမံကိန်း အစရှိသဖြင့် ရှိလာမယ်။ အဲဒါတွေ ဖြစ်လာနိုင်တယ်။ ြျွှု စီမံကိန်းက ရခိုင်ကနေ ကူမင်းအထိပေါ့။ ရထားလမ်းရှိတယ်။ သီပေါကိုလည်း ဖြတ်သွားမှာပါ"ဟု ၎င်းင်းကပြောသည်။ 
    ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA / TNLA / UWSAဗ တပ်ဖွဲ့တွေများ ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်ခဲ့သည့် ၂၀၂၃ အောက်တိုဘာမှစ၍ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
    ပိုးလမ်းမစီမံကိန်း The Belt and Road Initiative (BRI) နှင့် ဆက်စပ်သည့် မူဆယ်-မန္တလေး အမြန်ရထားလမ်းက ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ကို ဖြတ်သန်းသွား မည်ဖြစ်ကြောင်း သိရသည်။ 
    တရုတ်–မြန်မာ စီးပွားရေး ဆက်သွယ်မှုအတွက် အရေးကြီးသည့် မူဆယ်–မန္တလေး ရထားလမ်း စီမံကိန်းလမ်းကြောင်း တစ်လျှောက်တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ လှုပ်ရှားနေခြင်းကြောင့်  စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် လုံခြုံရေးအခြေအနေက အဓိက စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း သိရသည်။
    ယခုအခါ အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) (မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP))၊ ]ဝ}ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)/၊ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA)တို့ လာရောက်တွေ့ဆုံ ဆွေးနွေးနိုင် ခဲ့ပြီ ဖြစ်သည်။  ကွန်းဈာန်

 

Total Views ~ 20

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64671

© 2022 - 2026 News. All Rights Reserved.