ငွေကျပ် သိန်းထောင့်နှစ်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများဖမ်း ဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၂၃
    တာချီလိတ်မြို့တွင် ငွေကျပ် ၁၂၅၃ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ၊ ပစ္စတို သေနတ်တစ်လက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
    ဖြစ်စဉ်မှာ ဇူလိုင် ၂၁ ရက်က  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ဝင်လမ်းနေ မယေ့မိန်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေး ဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် သုည ဒသမ ၆၅ ကီလို(ဒေသ ကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၆၅ သိန်း)၊ အက်တက်စီဆေးပြား ၉၅၀ (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၈၀)၊ Happy Water  အလေးချိန် သုညဒသမ ၇၃၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၀၈ ဒသမ ၅ သိန်း)၊ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းင်းကျည် ၁၀ တောင့်၊ ကျည်အိမ်တစ်ခုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
    အဆိုပါ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိမှုမှ တရားခံ မယေ့မိန်း(၃၃)နှစ်အား ဟောင်လိတ်နယ် မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပ ဒေအရအမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Total Views ~ 646

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60669

© 2022 - 2026 News. All Rights Reserved.