Breaking

စာမေးပွဲဖြေဆိုနေစဥ် လက်နက်ကိုင်အဖွဲဝင်များက သေနတ်များဖြင့်လာရောက်ပစ်ခတ်

၂၀၂၃ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်း၊ရေစကြိုမြိုနယ်၊ပခန်းငယ်ကျေးရွာရှိ အ.ထ.က(ပခန်းငယ်)၌ ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းက ကျောင်းသား၊ကျောင်းသူများစာမေးပွဲဖြေဆိုနေစဥ် လက်နက်ကိုင်အဖွဲဝင်များက သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲမှ သိရသည်။

စာမေးပွဲဖြေဆိုနေသည့် ကျောင်း သား၊ကျောင်းသူများအား လုံခြုံရေးအဖွဲဝင်များကလုံခြုံရေးယူပေး နေကြစဥ် လက်နက်ကိုင်အဖွဲဝင်များက နံနက် ၁၀ နာရီခွဲခန့်တွင် သေနတ်များဖြင့်ပစ် ခတ်တိုက်ခိုက်ခဲ့၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ လက်နက်ကိုင်အဖွဲဝင်များသည် ကျေးရွာမြောက်ဘက်သိုထွက်ပြေးသွားခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲကဆိုသည်။

Total Views ~ 435

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61595

© 2022 - 2026 News. All Rights Reserved.