ညောင်လေးပင်မြို့နယ်၌ တံတား ၁ စင်းအား KNU နှင့် အကြမ်းဖက်အုပ်စု PDF အဖွဲက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

၂၀၂၃၊ဖေဖော်ဝါရီ ၁၁

 ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြိုနယ် ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် (၉၀/၁-၂) ကြားရှိ အလျား ၅၀ ပေ၊ အနံ ၅၀ ပေ သံကူကွန်ကရစ်အမျိုးအစား (ဒေသအခေါ်) တောင်ဘို ၃ လုံးတံတား အား ဖေဖော်ဝါရီ ၉ရက် ညနေပိုင်းတွင် KNU သောင်းကျန်းသူများနှင့်အကြမ်းဖက်အုပ်စု PDF အဖွဲက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေး ပူးပေါင်းအဖွဲမှ အခင်းဖြစ် နေရာသို ရောက်ရှိစစ်ဆေးရာ ပေါက်ကွဲမှုကြောင့် လူ ထိခိုက်မှုမရှိဘဲ အဆိုပါတံတား၏ အရှေ့ဘက်ခြမ်း လက်ရမ်းနှင့် ကြမ်းခင်းတိုတွင် အလျား ၂၅ ပေ၊ အနံ ၁၀ ပေခန့် ကျိုးကျပျက်စီး၍ တန်ဖိုးငွေ သိန်း ၉၀၀ ကျပ်ခန့် ဆုံးရှုးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီး တံတားပေါ်၌ လူ/ယာဉ်များ သွားလာလျက်ရှိ၊ ပူးပေါင်းအဖွဲက အခင်းဖြစ်နေရာအနီးပတ်ဝန်းကျင်အား ပိတ်ဆိုရှာဖွေ စစ်ဆေးလျက် ရှိကြောင်းနှင့်  KNUနှင့်အကြမ်းဖက်အုပ်စု PDF အဖွဲ အင်အား(စိစစ်ဆဲ)အား (ပ)၁၆/၂၀၂၃၊ ပေါက်ကွဲစေတတ်သောဝတ္ထု ပစ္စည်းများအက်ဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 420

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60647

© 2022 - 2026 News. All Rights Reserved.