တစ်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ နှစ်သန်းဖိုးခန့် ဆောင်ရွက်နိုင်ခဲ့ 

၂၀၂၃ ၊ အောက်တိုဘာ ၁၇ 
    ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်တွေကုန်သွယ်ရေးစခန်း (ရွှေမင်းဂံ)နှင့် မောင်တောနယ်စပ်ကု န်သွယ်ရေး စခန်း (ကညင်ချောင်း) မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (တက္ကနဖ်) သို့ စက်တင်ဘာလအတွင်း နယ်စပ် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ နှစ်သန်းဖိုးခန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
    မောင်တော ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ဒသမ ၄၂၅ သန်းနှင့် သွင်းကုန် သုည ဒသမ ၀၀၄ သန်း ဖိုး ဆောင်ရွက်ခဲ့ပြီး စစ်တွေကုန်သွယ်ရေး စခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၈ သန်းနှင့် သွင်းကုန်သုညဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း(RSCCI ) က ထုတ်ပြန်ခဲ့သည်။
    တင်ပို့ဆောင်ရွက်နေသော ပို့ကုန် အမယ်များအနက် ရေချိုငါး (ငါးမြစ်ချင်း ၊ငါးခေါင်းပွ)၊ ငါးနီတူခြောက်၊ ကွမ်းသီး၊ ချင်း စို၊ ဆီးယို၊ ဆီးဖတ်၊ နနွင်းတက်၊ မန်ကျည်း သီး၊ မန်ကျည်းစေ့တို့ကို အဓိကတင်ပို့ဖြစ်ခဲ့ ကြောင်း သိရသည်။
    ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း  ကုန်သွယ်ရေး စခန်းနှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၈ဒသမ ၇၇ သန်းဖိုးခန့် တင်ပို့ဆောင်ရွက်နိုင်ခဲ့ကြောင်း RSCCI မှ ထုတ်ပြန်ခဲ့သည်။
    ထို့အပြင် စက်တင်ဘာလမှစ၍ ရေထွက်ကုန်ပစ္စည်းများကို စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့်တင်ပို့မှုလုပ် ဆောင်လျက်ရှိကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (RSCCI) မှ အသိပေး ထုတ်ပြန် ထားသည်။

Total Views ~ 394

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61728

© 2022 - 2026 News. All Rights Reserved.