Breaking

နိုင်ငံကူးလက်မှတ် (Passport)များ Online Booking စနစ်ဖြင့် လျှောက်နိုင်ပြီဟု ကြေညာ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံကူးလက်မှတ် (Passport )ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်၍ www.
passport.gov.mm ၀က်ဆိုက်မှ Online Booking စနစ်ဖြင့် လျှောက်ထားပြီ ဖြစ် ကြောင်း လူဝင်မှုဘကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ယနေ့ထုတ်ပြန် ကြေညာထားသည်။
Online Booking စနစ်ကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး(ရန်ကုန်)၌သာ ကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးများရှိ ရုံးခွဲများ၌ ယခင် လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့အပြင် Online Booking ရယူရာတွင် အချိန်အ ကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ် နှုန်းထားအတိုင်း တစ်ပါတည်း ပေးချေရမည်ဖြစ်ကြောင်း၊ Online Booking လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာမြို့မရဲစခန်းများတွင် အ ကူအညီ တောင်းခံ၍ လျှောက်ထားနိုင်ကြောင်းနှင့် မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေ ပေးဆောင်၍ လျှောက်ထားခြင်းများ မပြုရန် အသိပေးနှိုးဆော်ထားသည်။

Total Views ~ 453

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61595

© 2022 - 2026 News. All Rights Reserved.