နေပြည်တော် လယ်ဝေးမှာ စစ်တပ်မှ လေ့ကျင့်ရေး ရဟတ်ယာဉ် ပျက်ကျ

၂၀၂၃ ဇွန် ၁၅

ယနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် လယ်ဝေးမြို့နယ်အနီးမှာ စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။

ယနေ့ ဇွန်လ ၁၅ရက်နေ့ နံနက် ၁၀နာရီခန့်က လယ်ဝေးမြို့နယ် လယ်ဒါကြီး ကျေးရွာ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ မှာ  စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာပါ။

"မနက် ၁၀နာရီလောက်က ရဟတ်ယာဉ်တစ်စီး ပျက်ကျတာ၊ ဘာလို့ပျက်ကျလဲဆိုတာတော့ မသိဘူး"လို့ ဒေသခံတစ်ဦးက  ပြောဆိုထားပါတယ်။

စစ်ရဟတ်ယာဉ်မှာ  လေ့ကျင့်ရေးတပ်က ရဟတ်ယာဉ်ဖြစ်ပြီး လေ့ကျင့် ပျံသန်းရေးဆောင်ရွက်နေစဉ် စက်ချို့ယွင်းပြီး မတော်တဆဖြစ်တာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ယင်းဖြစ်စဉ်ကြောင့် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသားတို့ ကျဆုံးပြီး ရဟတ်ယာဉ်လည်းပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

Total Views ~ 507

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61681

© 2022 - 2026 News. All Rights Reserved.