ပြင်ဦးလွင်မြို့လယ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး ရုပ်အလောင်းများ တွေ့ရှိ

၂၀၂၃ဖေဖော်ဝါရီ ၇

ပြင်ဦးလွင်မြို့လယ်ဖြစ်သည့်ချယ်ရီလမ်းနှင့်(၁၇)လမ်းထိပ်၊ ပန်းချယ်ရီဟိုတယ်အနီးတွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်အစောပိုင်းက ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း နှစ်လောင်းတွေ့ရှိရကြောင်း ပြင်ဦးလွင်အခြေစိုက် သန္တိသုခပရိတအသင်းမှ သိရသည်။


"ဖြစ်စဉ်ကတော့ ပတ်ဝန်းကျင်ကအကြောင်းကြားလိုအသင်းက Ambulance နဲ့ထွက်သွားချိန်မှာ လမ်းပေါ်မှာတစ်ယောက်၊ လမ်းဘေးမှာ တစ်ယောက်သေဆုံးနေတာကိုတွေ့ခဲ့တာပါ။ အရှိက်နဲ့ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ပါ"အဆိုပါအသင်းမှ တာဝန်ရှိသူက ဆိုသည်။


သေဆုံးသူအမျိုသားနှစ်ဦးမှာ အရှိက်နှင့် ဝမ်းဗိုက်များတွင် ထိုးသွင်းဒဏ်ရာများနှင့်သေဆုံးနေ၍  မှုခင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်ဦးလွင်မြိုမရဲစခန်းမှ ဆောင်ရွက်ခဲ့ပြီး သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ ပြည်သူ့ဆေးရုံကြီးသို ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

Total Views ~ 415

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60646

© 2022 - 2026 News. All Rights Reserved.