ပြည်တွင်းရွှေဈေးနှုန်း ပြန်လည်တက်လာ

၂၀၂၃ စက်တင်ဘာ ၁၅

ပြီးခဲ့သည့် ရက်ပိုင်းက အကျဘက်သို့ရောက်ခဲ့သည့် ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်းနှင့် ရွှေဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး အခေါက်ရွှေ တစ်ကျပ်သား ၃၆ သိန်းနီးပါးအထိ ပြန်လည်မြင့်တက်လာကြောင်း ပြင်ပဈေးကွက် အတွင်းမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၁) ရက် ဈေးကွက်ဖွင့်ချိန်တွင် တစ်ဒေါ်လာ ၃၂၈၀ ဖြစ်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်းမှာ ယနေ့ စက်တင်ဘာ (၁၅) ရက်၌ တစ်ဒေါ်လာ ၃၄၉၀ ကျပ်သို့ မြင့်တက်လာပြီး တစ်ကျပ်သား ၃၄၄၀၀၀၀ ဖြစ်ခဲ့သည့် အကယ်ဒမီ မီးလင်းရွှေ ဈေးနှုန်းမှာ ယနေ့နံနက်ပိုင်းတွင် တစ်ကျပ်သား ၃၅၉၀၀၀၀ ကျပ်သို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ယနေ့ ဈေးကွက်အတွင်းအရောင်းအဝယ်ပြုလုပ်လျက်ရှိသည့် ရွှေဈေးနှုန်းကို တစ်ပါတ်အတွင်းနှိုင်းယှဉ်ကြည့်ပါက တစ်ကျပ်သား ၁၅၀၀၀၀ ကျပ် အထိ မြင့်တက်လာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၂၂၅၆၁၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၆ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်ထိ ဈေးကွက်မတည်ငြိမ်မှုကကြောင့် တချို့အရောင်းဆိုင်များသည် စောင့်ကြည့်နေဆဲဖြစ်ကာ အရောင်းအဝယ်ရပ်နားထားကြောင်း သိရသည်။

Total Views ~ 530

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61689

© 2022 - 2026 News. All Rights Reserved.