ဖြူးမြို့နယ်တွင် KNU သောင်းကျန်းသူ အကြမ်းဖက်အုပ်စု PDF အဖွဲက တံတား ၂ စင်းအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

 

၂၀၂၃၊ ဧပြီ ၁

ယမန်နေ့ (မတ် ၃၁)မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်အ ချိန် တောင်ငူခရိုင် ဖြူးမြို့နယ် နမစမှူး(ကညွှတ်ကွင်း) တာ၀န်ရှိသူများထံ  ဘုရားလဟာကျေးရွာ အုပ်ချုပ်ရေးမှူး မှ ဖုန်းဆက် အကြောင်းကြားချက်အရ ကညွှတ်ကွင်းမြို့ ဘုရားလဟာကျေးရွာရှိ မဂျမ်းရိုးတံတား ဒေသအခေါ် တူးမြောင်းတံတား အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ သံကူကွန်ကရစ်အမျိုးအစား တံတားအား KNU သောင်း ကျန်းသူ/ အကြမ်းဖက်အုပ်စု PDF အဖွဲ ခေါင်းဆောင်/အင်အား(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် ၁၂၀၀ နာရီတွင် ကညွှတ်ကွင်းမြို၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာ ကညွှတ်ကွင်းမြို ဘုရားလဟာကျေးရွာရှိ သစ်ပတ်ချောင်းတံတား အလျား ၈၀ ပေ၊ အနံ ၂၀ ပေ သံကူကွန်ကရစ် အမျိုးအစား တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရ၍  ခမရ(၄၃၉) ပူးပေါင်းအဖွဲမှ အခင်းဖြစ်ရပ်စစ်ဆေးရန်ထွက်ခွာ ခဲ့ရကြောင်း သိရသည်။

Total Views ~ 529

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61666

© 2022 - 2026 News. All Rights Reserved.