Breaking

မင်းတုန်းမြို့နယ်၌ ရစဖမှူး ၁ ဦးအား အကြမ်းဖက်အုပ်စု PDF အဖွဲက သတ်ဖြတ်

၂၀၂၃ ၊ ဖေဖော်ဝါရီ ၂၄

သရက်ခရိုင် မင်းတုန်းမြို့နယ် မမစ(မင်းတုန်း)၏ အနောက်ဘက် ၁၁ မိုင်ခန့်အကွာ ဝက်ကော်ကျေး ရွာနေ ဦးမြင့်အောင်(၅၉)နှစ် ဗမာ/ဗုဒ္ဓ ဝက်ကော်ကျေးရွာရစဖမှူး (၁၉-၄-၂၀၂၂ ရက်နေ့မှယနေ့အထိ) တောင်သူ လုပ်ကိုင်သူ နေအိမ်သို အကြမ်းဖက်အုပ်စု PDF အမျိုး သား ၄ ဦး(စိစစ်ဆဲ)သည် မောင်း ပြန်သေနတ် ၃ လက်၊ ပစ္စတိုသေနတ် ၁ လက်(စိစစ်ဆဲ) ကိုင်ဆောင်ပြီး ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးမြင့်အောင်အား ဝက်ကော်ကျေးရွာ၏အနောက်ဘက် ၁ မိုင်ခန့်အကွာ ဒေသ အခေါ် ဆင်ဖြူကန်ကြော  ဘက်သို ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းရရှိသဖြင့် သက်ဆိုင်ရာမှ စုံစမ်းရာ ယမန်နေ့ (ဖေ ဖော်ဝါရီ ၂၃)နံနက် ၁၁နာရီခွဲတွင် ဦးမြင့်အောင်၏ သားဖြစ်သူ ကိုကိုနိုင်(ခ)လှိင်မျိုးသိန်း (၂၀)နှစ် ဝက်ကော်ကျေးရွာနေသူနှင့် မိသားစုဝင်များသည် အခင်းဖြစ် နေရာသို ရောက်ရှိစဉ်  ဦးမြင့်အောင်သည် လှည်းလမ်းပေါ်တွင် လက်နှစ်ဖက်ကိုရှေ့တွင် ကြိုးတုတ်လျက် ဦး ခေါင်းပြတ်လျက် သေဆုံးနေသည်ကိုတွေ့ရှိခဲ့၍ အလောင်းအား မင်းတုန်းမြိုနယ် ပြည်သူဆေးရုံပို ဆောင်ခဲ့ကြောင်း သိရသည်။

ထိုကြောင့် သက်ဆိုင်ရာတာ၀န်ရှိသူများက  ဆေးရုံသိုသွားရောက်စစ်ဆေးရာ ဦးမြင့်အောင်မှာ ဦး ခေါင်းပြတ်၍ သေဆုံး နေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်း ဖက်အုပ်စု PDF အမျိုးသား ၄ ဦး (စိစစ်ဆဲ)(ဖမ်းမမိ)အား မမစ(မင်းတုန်း)အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ ဖြင့် အမှုဖွင့်စစ်ဆေးပြီး တရားခံများဖမ်း ဆီးရမိရေးစုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 457

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61595

© 2022 - 2026 News. All Rights Reserved.