ရန်ကုန်မြို့တွင်  လျှပ်စစ်မီးမမှန်ဖြစ်နေ၍  ရေပြတ်လပ်မှုမရှိစေရေး မီးစက်၊ ဆိုလာသုံးကာ ရေပေးဝေနေရ 

၂၀၂၃ ၊ဧပြီလ ၂၈

ရန်ကုန်မြိုတွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးမမှန်ဖြစိနေသည့်အတွက် ရေပြတ်လပ်မှုမရှိစေရေး မီးစက်၊ ဆိုလာသုံးကာ ရေဖြန့်ဝေပေးနေတယ်လို ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ(YCDC)မှ သိရသည်။

ရန်ကုန်မြိုတွင် ဖူးကြီး၊ ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ် စသည့်  ရေလှောင်ကန်ကြီးများအပြင် လဂွန်းပြင်ရေတွန်းစက်ရုံများမှ အဓိက ရေဖြန့်ဝေပေးနေရခြင်း ဖြစ်‌သည်။

 အဆိုပါနေရာများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)မှ စီစဉ်ဆောင်ရွက်နေသော်လည်း National Grid System Breakdown ဖြစ်မှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်နေသည့်အတွက်  ရေပေးဝေမှု ရပ်တန့်မှု မရှိစေရန် မီးစက်များမောင်းနှင်ခြင်းနှင့် ဆိုလာစနစ်အသုံးပြု၍ ရေပေးဝေခြင်းများကို လုပ်ဆောင်နေရကြောင်း YCDC မှ သိရသည်။

Total Views ~ 525

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61669

© 2022 - 2026 News. All Rights Reserved.