ရွှေတိဂုံစေတီတော်ကားကွင်းလေးဖက်ရှိ ယာဉ်ဝင်ခွင့်ကောက်ခံသည့် နေရာခြောက်ခုတွင် Car Parking Management System များ တပ်ဆင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂
    ရွှေတိဂုံစေတီတော် ဝတ္ထုကံမြေအတွင်း ဘုရားဖူးများ အဆင်ပြေစေရန် ဂေါပကအဖွဲ့က စီမံဆောင်ရွက်ထားသော ကားကွင်းလေးဘက်ရှိ ယာဉ်ဝင်ကြေးကောက်ခံသည့်နေရာ ခြောက်နေရာတွင် Car Parking Management System များ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။
    ကားကွင်းလေးဘက်ရှိ ယာဉ်ဝင်ကြေးကောက်ခံသည့် နေရာခြောက်နေရာတွင် Car Parking Management System 6 Sets ဝယ်ယူ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းလုပ်ငန်းကိုလည်း ဈေးပြိုင်စနစ်ဖြင့် ချထားပေးမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ အသိပေးထားပြီး လုပ်ငန်းဆောင် ရွက်လိုသူများကိုလည်း ဈေးနှုန်းအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
    ဈေးနှုန်းအဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်တစ်စုံလျှင် ကျပ်ငါးသောင်းနှုန်း ဖြင့် ဂေါပကအဖွဲ့ရုံးတွင် ဖေဖော်ဝါရီ ၄ ရက်မှ ၆-၂-၂၀၂၅ ရက်အထိ ရုံးချိန်အတွင်း နောက်ဆုံးထား၍ ဈေးနှုန်းအဆိုပြု လွှာစည်းကမ်းချက်များ ရောင်းချပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် သတ်မှတ်ချိန်အတိုင်း ဈေးနှုန်းအဆိုပြုလွှာတင်သွင်းနိုင်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့မှ အသိပေးကြော်ငြာထားသည်။ နဒီ

Total Views ~ 355

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58506

© 2022 - 2025 News. All Rights Reserved.