Breaking

CB ဘဏ်မှထုတ်လုပ်သည့် Man U နှင့် FIFA Prepaid Card ဝန်ဆောင် မှုအား ယာယီရပ်ဆိုင်း

၂၀၂၃  ၊ ဇန်နဝါရီ ၂၀ 

CB ဘဏ်မှ ထုတ်လုပ်ထားသည့် Man U နှင့် FIFA Prepaid Card ဝန်ဆောင်မှုအား ယာယီရပ်ဆိုင်းလိုက်ကြောင်း အဆိုပါ ဘဏ်က ယမန်နေ့ (ဇန်နဝါရီ၁၉ )က  အသိပေးထုတ်ပြန်ခဲ့သည်။


Manchester United Prepaid Card (Only Multi Currency) နှင့် FIFA Prepaid Card (Only Multi Currency) များ၏ ဝန် ဆောင်မှုများကို အခြေအနေအရပ်ရပ်ကြောင့် ယာယီရပ် ဆိုင်းလိုက်ရသဖြင့် သုံးစွဲသူ Customer များ အဆင်မပြေမှုများ ကြုံတွေ့ရသည့်အပေါ် CB Bank က အနူးအညွတ် တောင်း ပန်ထားသည်။


ကတ်အသုံးပြုသူများအနေဖြင့် ယင်းကတ်များပိတ်သိမ်းခြင်း (သိုမဟုတ်) အခြားသောကတ်ဒီဇိုင်းများနှင့် အစားထိုးလျှောက်ထားခြင်းတိုကို လုပ်ဆောင်နိုင်သည်ဟုလည်း CB Bank ကအသိပေးကြေညာထားသည်။

Total Views ~ 449

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61573

© 2022 - 2026 News. All Rights Reserved.